ဆရာဝန်လောင်းလျာလေး ကြင်နာတတ်တဲ့ မျက်နှာပိုင်ရှင် ပိုးမမှီသာလေးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။
မကြာသေးခင်က ရုံတင်ပြသသွားခဲ့တဲ့ “ပိတောက်ကတဲ့ ဂီတ” သီချင်းရုပ်ရှင်ဇာတ်ကားကြီး မှာ ပိုးမဒီ ကာရိုက်တာလေးနဲ့ ပထမဆုံးသရုပ်ဆောင်မှုလေးနဲ့ ပရိသတ်တွေရဲ့အသည်းကို သိမ်းပိုက်သွားခဲ့တဲ့သူပဲဖြစ်ပါတယ်..။ ပိုးမမှီလေးက ကျောင်းစာတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိ ကူးစက်ပျံ့ပွားနေတဲ့ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေကာ အသိလေးတွေ ပေးနေတဲ့သူပါ။
သူမကိုယ်တိုင်လည်း ဆေးရုံမှာ ဟောင်ဆာဂျင်အနေနဲ့ တာဝန်တွေ လုပ်ဆောင်နေပြီး ဒီနေ့ မတ်လ (၂၉)ရက်နေ့ သူမအိမ်မှာ နေတဲ့အချိန်လေးမှာ သူမရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြန်ရှာတွေ့တဲ့အကြောင်းလေးကို “အိမ်မှာတစ်ရက်လေးနေတယ်။ လျှောက် မွှေလိုက်တယ်။ သေချာတယ်။ ပိုးမမှီသာပဲများတာ ငယ်ငယ်ကတည်းကပဲ.။” ဆိုပြီး ပုံလေးတွေနဲ့အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ပိုးမမှီလေးကတော့ သူမရဲ့ ကလေးဘဝတည်းက ချစ်ဖို့ကောင်းအောင် ပဲများတတ်တဲ့သူလေးပါပဲနော်