သူမရဲ့ HD ထွက်တယ်ဆိုပြီး ဝိုင်းဝန်းပြောဆိုကြတဲ့အပေါ် ပြန်လည်တုံ့ပြန်လာတဲ့ သံသာမိုးသိမ့်

Posted on

MRTV 4 သရုပ်ဆောင် သံသာမိုးသိမ့်ကတော့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။အစဉ်အမြဲပျော်ပျော်နေတတ်တာကိုလည်းတွေ့ရပြီး ဇာတ်လမ်းတွဲက ဗီလိန်ဇာတ်ရုပ်နဲ့ ကွဲပြားလှတဲ့ လူနေမှုပုံစံကြောင့်လည်း လူမှုကွန်ယက်မှာ ထင်ရှားသူတစ်ဦးဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်တွေက လူမှုကွန်ယက်ပရိသတ်တွေကြား လူပြောများနေတဲ့ HD ထွက်တယ်ဆိုတဲ့ သူမရဲ့ ကောလဟာလသတင်းတွေနဲ့ ပတ်သက်ပြီး အခုတစ်ခါမှာတော့ ပြန်လည်ဖြေရှင်း ပြောပြလာခဲ့တာပါ။

သံသာမိုးသိမ့်က ” အဲ့လောက်လေးနဲ့ စိတ်တွေထိခိုက်နေရင်လည်း အနုပညာရှင်တစ်ယောက် ဘယ်လိုလုပ်လို့ ရတော့မှာလဲ တိုက်ခိုက်တာကိုတော့ ခံရမှာပဲ.. Fb မှာ စာတင်လိုက်တာကလည်း ကိုယ်မဟုတ်တဲ့အကြောင်း ပြန်ရှင်းပြတဲ့ သဘောပါပဲ..” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။“စစချင်းမှာတော့ တော်တော်လေးဒေါသထွက်မိတာပေါ့ တော်တော်ဆိုးဆိုးတုံ့ပြန်မလို့ပါပဲ ဒါပေမယ့် နောက်ကျတော့ ကြည့်တဲ့သူတိုင်းကလည်း ကိုယ်မဟုတ်မှန်းသိနေတာပဲဆိုတော့ ပြန်မတုံ့ ပြန်တော့ပါဘူး ကိုယ့်ကိုနာမည်ဖျက်လေကိုယ်နာမည်တက်လေလို့ပဲ သဘောထားလိုက်ပါတယ် ” လို့ ပြန်လည်ဖြေရှင်းခဲ့တာ့ပါ။

သံသာမိုးသိမ့်ကတော့ သူတကယ်ဒီလို HD ထွက်တာမဟုတ်တဲ့အတွက် ဘာမှနစ်နာမှုမရှိဘူးလို့လည်း ပြောသွားခဲ့ပါသေးတယ်ပရိသတ်ကြီးရေ လူမှုကွန်ယက်မှာစိတ်ဝင်စားနေကြတာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *