Beauty Blogger မလေး ပန်ကိတ်ဒါဒါကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ ချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ပန်ကိတ်လေးရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရတယ်လို့ ဆိုရမှာပါ။ ပန်ကိတ်လေးကို အားပေးတဲ့ ပရိသတ်အမျာစုက မိန်းကလေး ပရိသတ်တွေများပြီး ပန်ကိတ်ရဲ့ ပြတ်ဆဲသွားတဲ့ အချစ်ရေးကြောင့် လူသိပိုများလာတယ်လို့ ပြောရမယ် ထင်ပါတယ။
လက်ရှိမှာ ပန်ကိတ်လေးက သူမရဲ့ နေထိုင်နေကျ ပုံစံလေးအတိုင်း ပျော်ရွှင်စွာနေထိုင်ရင်း အလုပ်လုပ်တွေကိုလုပ်ကာ Single ဘဝလေးမှာ ပျော်ရွှင်နေတာပဲဖြစ်ပါတယ်.။ ပန်ကိတ်လေးက တစ်ခါတစ်လေမှာတော့ သူမခံစားနေရတဲ့ ခံစားချက်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်တင်လေ့ရှိပါတယ်..။ ဧပြီလ (၂၃)ရက်နေ့မှာ ပန်ကိတ်လေးက ဆွေးမြေ့စေမယ့် ခံစားချက်လေးတစ်ချို့ကို စာသားလေးတွေနဲ့ “ဝိုင်အနီလေးနှစ်ခွက်နဲ့ အတူ ကြယ်စင်တွေကို ငေးမောကြည့်ချင်လည်း မလွယ်ပါဘူး အချစ်ရယ်..hope” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ တင်လာခဲ့ပါတယ်။
အေးအေးဆေးဆေးလေး နေကာ ဝိုင်လေးနဲ့အတူ ကြယ်စင်တွေကို ငေးမောကြည့်ချင်တဲ့ သူမရဲ့ ဆန္ဒလေးကို ရင်ဖွင့်တင်လာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး။ ပရိသတ်ကြီးထဲမှာရော ပန်ကိတ်လေးနဲ့ အတွေးတူဆန္ဒတူတဲ့သူလေးတွေရှိရင်လည်း မှတ်ချက်လေးတွေ ရေးသွားခဲ့ပါဦးနော်။