သူ့ကိုဘယ်သူကကြိတ်ကြိုက်နေတယ်ဆိုတာကို သက်သေနဲ့တကွထုတ်ပြလိုက်တဲ့နော်စေးစေးထူး

Posted on

Myanmar Idol Season-4ရဲ့ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ နော်စေးစေးထူးနဲ့ မူးလာတို့ကိုတော့ပရိသတ်ကြီးသိပြီးသားဖြစ်မယ်ထင်ပါတယ်။သူတို့နှစ်ယောက်ကတော့ ပြိုင်ပွဲဝင်ကတည်းက ပျော်ပျော်ပါးပါးနဲ့မောင်နှမတွေလိုနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာတော့ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိနေပြီပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ နော်စေးစေးထူးရဲ့လူမှုကွန်ရက်မှာ မူးလာနဲ့အတူရိုက်ကူးထားတဲ့ပုံလေးကိုတင်ပြီး မူးလာကဘယ်သူ့ကိုကြိတ်ပြီးကြိုက်နေသလဲဆိုတာ သက်သေနှင့်တကွထုတ်ပြပြီး မူးလာကိုဆေးအကြီးကြီးထိုးလိုက်တာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ “ငမူးကြီးရှင်ပြောသလို ဘယ်သူကဘယ်သူ့ကိုကြိတ်ပြီးကြိုက်နေသလဲဆိုတာ အားလုံးပဲဆုံးဖြတ်ပေးပါ သက်သေနှင့်တကွငြင်းမရပါ”ဆိုတဲ့စာသားလေးနဲ့အတူရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *