သူ့ထက်အသက်ကြီးတဲ့ချစ်သူမမကို ချွဲနွဲ့နေတဲ့ ကျော်ထက်အောင်

Posted on

ကျော်ထက်အောင်ဆိုတာကတော့ အခုလက်ရှိမှာ ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ Myanmar Idol အဆိုပြိုင်ပွဲကြီးရဲ့ Season (1) ထဲက အစီအစဉ်တင်ဆက်သူအနေနဲ့ ပရိသတ်တွေ အထူးသတိထားမိခဲ့တာလို့ဆိုရမှာပါ။ ” မီးလေးခနပိတ်ပါမယ်၊ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ ” ဆိုတဲ့ သူ့ရဲ့လက်သုံးစကားတွေဟာအရမ်းရေပန်းစားခဲ့ပြီ


း ပရိသတ်တွေက ကြုံရင်ကြုံသလိုစနောက်နေခဲ့ကြတာပါ ။ လက်ရှိမှာလည်းကျော်ထက်အောင်က အစီအစဉ်တင်ဆက်မှုတွေသာမက ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်ပြီး သူပါဝင်ထားတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အထူးမှတ်ချက်ပေး နှစ်ခြိုက်ကြတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေကို ပါးချိုင့်လေးနဲ့ ပြုံးပြပြီး အသည်းတွေ ခြွေနေတဲ့ ကျော်ထက်အောင်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြတာပါ ။


လတ်တလောမှာတော့ ကျော်ထက်အောင်တစ်ယောက် ပရိသတ်တွေ စိတ်ဝင်စားသွားစေမယ့် အရာလေးတစ်ခုကို သူ့ရဲ့ My day မှာတင်ခဲ့တဲ့အတွက် ပရိသတ်တွေ စိတ်ဝင်သားနေကြတာပဲဖြစ်ပါတယ် ။ ” မက မောင့်ကို မချစ်တော့ဘူးတဲ့လား ” ဆိုတဲ့စာသားလေးနဲ့အတူ လက်တွဲထားတဲ့ပုံလေးကိုတင်ခဲ့တာဖြစ်ပြီး လက်ပိုင်ရှင်မမ က ဘယ်သူများဖြစ်မလဲလို့ ပရိသတ်တွေက စဉ်းစားနေကြပါပြီနော် ..။