စင်ကာပူမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သွားရောက်တွေ့ဆုံတာပဲ ဖြစ်ဖြစ်၊ ဂျပန်ပင်လယ်ထဲ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်တာကို ကြည့်ရှုတာပဲ ဖြစ်ဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်ဟာ သူ ဘယ်ကိုပဲ သွားသွား ကိုယ်ပိုင် တစ်ကိုယ်ရည်သုံး အိမ်သာ မပါဘဲ သွားတာမျိုး မရှိပါ။
မြောက်ကိုရီးယားရဲ့ အာဏာရှင် ကင်ဂျုံးအွန်ဟာ အခြား ဘယ်လို အိမ်သာမျိုးကိုမျှ ယုံကြည်စိတ်ချတာ မရှိပါ။ သ့အတွက် ခရီးသွားလာတဲ့အခါမှာ အသုံးပြုဖို့အတွက် တစ်ကိုယ်ရည် အိမ်သာတွေ အတော်အတန် ရှိထားတယ်လို့ ဆိုပါတယ်။
ဒီလို သူ့ရဲ့ ကိုယ်ပိုင်အိမ်သာတွေမှာ သံချပ်ကာ မာစီဒီးကားထဲမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ အိမ်သာနဲ့ တောင်ကုန်းတောင်တန်းတွေ၊ နှင်းတောင်တွေဆီ သွားတဲ့အခါမှာ သုံးတဲ့ အထူးယာဉ်တွေမှာ ပါရှိတဲ့ အိမ်သာတွေဟာလည်း သူ့အတွက် တစ်ကိုယ်ရည်သုံး ထည့်သွင်းတည်ဆောက်ပေးထားတဲ့ အိမ်သာတွေပဲ ဖြစ်ပါတယ်။
နိုင်ငံခေါင်းဆောင်က ခုလို သူ့အတွက် သီးသန့်အိမ်သာအမျိုးမျိုးကို သုံးနေပေမယ့် ပြည်သူတော်တော်များများကတော့ နေအိမ်မှာတောင် အခြေခံ ပြည့်စုံတဲ့ အိမ်သာမျိုး ရှိမနေပါ။
ခုလို သီးသန့် အိမ်သာပဲ သုံးတာဟာ ကင်ဂျုံးအွန်မှာ အများသုံး အိမ်သာ သုံးရတာကို စိတ်မသန့်တာမျိုး ရှိနေလို့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ မစင်ကို မဟုတ်မဟန်တဲ့ လူတွေ လက်ထဲ ရောက်သွားမှာကို ကာကွယ်ဖို့အတွက် သူ ချမှတ်ထားတဲ့ စီမံကိန်း တစ်ရပ်ပဲ ဖြစ်ပါတယ်။
ဘာကြောင့်များ သူ့ မစင်အတွက် ကာကွယ်ရေး စီမံကိန်း ချထားရတာပါလဲ။
မြောက်ကိုရီးယား ပြည်သူတွေရဲ့ နေ့စဉ် ဘဝနဲ့အတူ သူလို ကိုယ်လို အိမ်သာတွေကို အထီးကျန် နိုင်ငံရဲ့ နိုင်ငံဥသျှောင်အနေနဲ့ မသုံးသင့်ဘူးလို့ ကင်အုပ်ချုပ်ရေးမျိုးဆက်က ပြောတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ကင်ဂျုံးအွန်ရဲ့ မစင်ကို ဒီတိုင်း စွန့်ပစ်မယ်ဆိုရင် ဒါကနေ သူ့ရဲ့ ကျန်းမာရေး အခြေအနေကို သိသွားနိုင်မယ့် သတင်းအချက်အလက်တွေ ရရှိသွားမှာကြောင့်လို့ ဆိုကြပါတယ်။
ဒါကြောင့်ပဲ ကင်ဂျုံးအွန်တစ်ယောက်ဟာ ဘယ်သူနဲ့မှ အိမ်သာ တွဲမသုံးဘဲ တစ်ကိုယ်ရည် သီးသန့်အိမ်သာကို သုံးနေတော့တာ ဖြစ်ပါတယ်။
သူ့ရဲ့ တစ်ကိုယ်ရည် အိမ်သာကိုလည်း ဘယ်လို ပုဂ္ဂိုလ်မျိုးမျှ တက်ခွင့်မရှိဘဲ သူ့ အိမ်သာကို သုံးတာကို သိရင် ဘယ်သူမဆို၊ ယုံကြည်ရတဲ့ အဆင့်မြင့် အရာရှိတွေ အပါအဝင် သေဒဏ်ပေးခံနိုင်ရတယ်လို့ သတင်းရင်းမြစ်က ပြောပြီး ကင်ဂျုံးအွန်ရဲ့ ကိုယ်ရံတော်တွေဟာ သူ့ရဲ့ တစ်ကိုယ်ရည် အိမ်သာကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာဝန်ပါ ရှိထားတယ်လို့ သိရပါတယ်။
Rf; Mirror
Writer_ မောင်သံဆင့်(YGN Times )