သူ့လို့ပဲ ချစ်ဖို့ကောင်းတဲ့ မောင်ငယ်လေးအကြောင်း ပရိသတ်ကို မျှဝေလာတဲ့ ပွင့်

Posted on

ဂေါ်ဇီလာခြင်ဆေးခွေ ကြော်ငြာလေးကနေတဆင့် ပရိသတ်ရင်ထဲရောက်လာခဲ့သူ ပွင့် ကတော့ ဝဝကစ်ကစ်နဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားသူပါ။ ဇာတ်ပို့ဇာတ်ရံလောကမှာ နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သလို လတ်တလောမှာတော့ ဘေဘီပွင့်ရဲ့ကိုယ်တိုင်ချက်လက်ရာလေးတွေကို အွန်လိုင်းပေါ်ကနေတဆင့် ရောင်းချပေးလျက်ရှိပါတယ်။

နေ့စဉ်နေ့တိုင်း ကိုယ်တိုင်ချက်လက်ရာလေးတွေကို လူမှုကွန်ရက်မှာမျှဝေပေးလေ့ရှိတဲ့ ပွင့်ကတော့ ဒီနေ့မှာ သူ့လိုပဲ စိတ်တူကိုယ်တူ ချစ်ရတဲ့မောင်လေးနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။ ” ဘေဘီပွင့်တို့ မောင်နှမနှစ်ယောက်က သိပ်ချစ်ကြတာပါဆို….. အစား စားခါနီးရင်” “သိပ်ချစ်စရာကောင်းတဲ့ဘေဘီပွင့်လေးမှာ ရုပ်လေးနည်းနည်းဆိုးပြီး သူ့အစ်မကိုအမြဲ စကားနိုင်လုပြောတတ်တဲ့ မောင်ငယ်လေးတစ်ယောက်ရှိတယ်ဆိုတာ ယူတို့ယုံလိုက်ပါအသဲတို့ရာ” စတဲ့စာသားလေးတွေနဲ့အတူ မောင်လေးနဲ့ ချစ်စဖွယ်ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ။

ပွင့် ကို လွမ်းနေကြမယ့်ပရိသတ်ကြီးအတွက် ချစ်ရတဲ့ မောင်လေးနဲ့ ရိုက်ကူးထားတဲ့ ဘေဘီပွင့်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ဘေဘီပွင့်တို့လို စိတ်တူကိုယ်တူ မောင်နှမတွေရှိလား မှတ်ချက်ပေးခဲ့ပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *