အမေရိကန်နိုင်ငံသား ဇနီးမောင်နှံ၂ဦးမှ သံလျင်သဘာဝတရားရိပ်သာတွင် စွန့်ပစ်ပစ္စည်းများဖြင့်အဆောက်အဦးများ အလှဆင် ဆောက်လုပ်ပေးနေအမေရိကန်နိုင်ငံသား ဇနီးမောင်နှံ၂ဦးမှ သံလျင်သဘာဝတရားရိပ်သာမှာ Earthship နည်းပညာနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆောက်အဦးတွေကို အလှဆင်ဆောက်လုပ်ပေးလျက် ရှိတယ်လို့ ၄င်းတို့ကို ဝိုင်းဝန်းကူညီပေးနေတဲ့ မအိထံက သိရပါတယ်။
” သဘာဝတရားရိပ်သာက ဆရာတော်ဆီမှာ volunteer အဖွဲ့တွေ နိုင်ငံတကာကလည်းရှိတယ် မြန်မာနိုင်ငံကလည်းရှိတယ်။ အဲ့ဒီအဖွဲ့တွေနဲ့ပဲ အဆောက်အဦးတွေ တရားရိပ်သာတွေဆောက်တယ်။ အခုလက်ရှိ နိုင်ငံခြားသား ၂ဦးကလည်း volunteer အနေနဲ့ လုပ်အားဒါနပြုပြီး Earthship နည်းပညာနဲ့ ပတ်ဝန်းကျင်က ပြန်သုံးလို့ရတဲ့ စွန့်ပစ်စ္စည်းတွေနဲ့ပဲ ဆောက်လုပ်ရတယ်ဆိုတာကို နမူနာဆောက်ပြတာ။ မြန်မာနိုင်ငံကလူတွေလည်း အတွေ့အကြုံရအောင်ဆိုပြီး ဆောက်ပြတာပါ။” လို့ မအိက ပြောပါတယ်။
ယင်းကဲ့သို့ဆောက်လုပ်ရာမှာ အသုံးပြုပြီးတဲ့ တာယာများ ၊ ပုလင်းများနဲ့ ဆောက်လုပ်တာ ဖြစ်တာကြောင့် လတ်တလောမှာ အသုံးပြုပြီးတဲ့ ဒီဇိုင်းစုံ အရွယ်စုံ ပုလင်းမျိုးစုံများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။“အလင်းတွေကို ဖန်ကနေ ဝင်အောင်လုပ်ထားတော့ ဖန်ပုလင်းလေးတွေလိုတာပါ။ ဖန်ပုလင်း အသေးလေးတွေလည်းရပါတယ်။ ပုလင်းဆိုပေမယ့်လည်း လှတဲ့ဟာလေးတွေဆို ပိုကောင်းတာပေါ့။ အလှဆင်တဲ့အခါကြတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်လည်း ရှိတဲ့ပုလင်းတွေလည်း ရပါတယ်။”လို့ မအိကပြောပါတယ်။အဆိုပါ လိုအပ်နေတဲ့ အသုံးပြုပြီးတဲ့ ပုလင်းများ လှူဒါန်းလိုပါက မအိ ၀၉၄၂၁၁၀၉၄၄၄ ကို ဆက်သွယ်ပြီး လှူဒါန်းနိုင်မှာပဲ ဖြစ်ပါတယ်။