သင်္ကြန်ကိုကြိုဆိုသည်ဟုဆိုကာ ရေပက်ကခုန်သူ စားသောက်ဆိုင်ပိုင်ရှင်ပါ ၁၀ ဦးကို အရေးယူ

Posted on

တာချီလိတ်မြို့နယ်တွင် မဟာသင်္ကြန်ကိုကြို ဆိုသည်ဟုဆိုကာ ရေပက်ကခုန်ကြသူ စားသောက်ဆိုင်ပိုင်ရှင်ပါ ၁၀ ဦးကို ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။ဧပြီ၁၂ရက်ညနေ၃နာရီအချိန်ခန့်တွင် ရှမ်းပြည်နယ်(အရှေ့)၊တာချီလိတ် ခရိုင်၊ တာချီလိတ် မြို့နယ်၊ဝိန်းကျောက်ရပ်ကွက်မနန်းစံမွန်း(၁၈)နှစ်ပိုင်ဆိုင်သည့်တာချီလိတ်မြို့၊ဝမ်ကောင်းရပ်ကွက်၊ကံ့ကော်လမ်းရှိ MrCrushBarတွင် မဟာသင်္ကြန်နှစ်သစ်ကိုကြိုဆိုသည်ဟုဆိုကာ၎င်းအပါအဝင်အပေါင်းအပါများက အဆိုပါဆိုင်တွင် လူစုလူဝေးပြုလုပ်ကာ အရက်သေစာသောက်စားပြီး ကခုန်ခြင်း၊ရေပက်ခြင်းတို့ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့်သက်ဆိုင်ရာကထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူး လွန်သူပိုင်ရှင်မနန်းစံမွန်း(၁၈)နှစ်၊နန်းခမ်းပန်(၂၄)နှစ်၊စိုင်းဆမ်တစ်(၄၂)နှစ်၊ဆန်းလွင်ဌေး(ခ)ရဲလွင်(၂၉)နှစ်၊အားဆွယ်(၁၇)နှစ်၊အားတီ(၁၇)နှစ်၊ခမ်းအောင်(၂၃)နှစ်၊အားဟုန်(၂၂)နှစ်၊မရတနာဦး(၂၃) နှစ်နှင့်အောနာနွမ်ဝုန်ငင်(၂၆)နှစ် တို့ကိုအရေးယူပေးရန် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးဦးချမ်းမြေ့စောက ဧပြီ ၁၃ ရက်နေ့လယ်၁နာရီခွဲ၌ အမှုဖွင့်တိုင်ကြားခဲ့သည်

တာချီလိတ်ရဲစခန်းက(ပ)၂၀၅/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဥပဒေပုဒ်မ၂၅/၃၀(က)အရ အမှုဖွင့်အရေးယူခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *