သင်္ကြန်မှာ တူမလေးအခရာနဲ့အတူတူ အရမ်းလန်းနေတဲ့ အပျိုကြီးမမ ဖူးစုံရဲ့ သင်္ကြန်စတိုင်

ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖူးစုံကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ဖူးစုံက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။သူမရဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ပရိသတ်ရဲ့ အားပေးကြည့်ရှုမှုတွေကို ရရှိထားပြီး အောင်မြင်မှု အထိုက်လျောက် ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဖူးစုံက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီး နှင်းဆီအဖွဲ့သားတွေနဲ့အတူတူ အငြိမ့်တွေကပြီး ပရိတ်သတ်ကို ဖျော်ဖြေနေဆဲဖြစ်ပါတယ်။ဖူးစုံက အသက်အရွယ်တစ်ခုကိုရောက်လာပေမယ့် အရင်တုန်းကလိုပဲ နုငယ်ပျိုမျစ်ခြင်းတွေကမပြောင်းလဲပါဘူးနော်။ဖူးစံက အပျိုကြီးမမတစ်ယောက်ဖြစ်ပေမယ့် သူမနဲ့တူတဲ့ ချစ်စရာတူမလေးတစ်ယောက်ရှိပါတယ်နော်။

ဖူးစုံရဲ့အနုပညာအမွေတွေကိုတော့ တူမလေး အခရာက ဆက်ခံမယ့်ပုံလေးပါနော်။အခရာလေးရဲ့ အနုပညာပါရမီက ငယ်ကတည်းကပါလာတာဖြစ်လို့ စတိုင်တွေအိုင်တင်တွေကတော့အမိုက်စားပါ။အခရာလေးက ကလေးဖြစ်ပေမယ့် အဒေါ်ဖြစ်သူ ဖူးစုံအတိုင် စတိုင်နဲ့အိုင်တင်တွေကတော့ အရမ်းမိုက်ပါတယ်နော်။အခုဆိုရင်လည်း တူဝရီးနှစ်ယောက်က ဆင်တူဖက်ရှင်လေးတွေဝတ်ဆင်ပြီး သင်္ကြန်မှာအပြတ်ကဲနေတဲ့ စတိုင်လေးတွေနဲ့အတူ အခရာလေးရဲ့ ပဲလေးများပြီး ပိုစ့်ပေးကြမ်းနေတဲ့ အလန်းစားပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *