သင်္ကြန်မှာ ပွဲမကရလို့  ခက်ခဲနေတဲ့ အမေများအဖွဲ့ကို တတ်နိုင်သလောက်လေး အလှူ ငွေနဲ့ကန်တော့ခဲ့တဲ့ မြင့်မြတ်

Posted on

ပရိသတ်ကြီးရေ လူကြီးလူငယ် ပျိုပျိုအိုအိုမရွေး ချစ်ကြတဲ့ မြန်မာမင်းသားချောတလက်ကိုပြပါဆိုရင် မင်းသားချော မြင့်မြတ်ကိုပြရမှာပါနော်။။မြင့်မြတ်က စိတ်သဘောထားပြည့်ဝပြီး ရိုးရှင်းပွင့်လင်းတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ပျော်ပျော်ပါးပါးနေတတ်လို့ လူချစ်လူခင်လည်းပေါများတယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး..။ မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သလို ပြင်ပ နေထိုင်မှုမှာလည်း ရိုးသားပွင့်လင်းလို့တဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေတဲ့သူပ။

မြင့်မြတ်ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို မန်နေဂျာဖြစ်သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် မျှဝေပေးတတ်ပါတယ်..။ ဒီနေ့ မတ်လ မှာတော့ “Now. အမေများအဖွဲ့”ဆိုပြီး အမေများအဖွဲ့ကို ကန်တော့ငွေနဲ့ လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မြင့်မြတ်ကတော့ ရိုးရိုးရှင်း ရှင်းအိမ်နေရင်းပုံစံနဲ့သာ ပကာသနတွေ မရှိဘဲ အမေများအဖွဲ့ကို မြတ်နိုးမှုတွေနဲ့အတူ တန်ဖိုးထားကန်တော့ခဲ့တာပဲဖြစ်ပါတယ်နော်။

ပိုစ့်လေးရဲ့ အောက်မှာတော့ ရိုးရိုးရှင်းရှင်း ပကာသနမပါတဲ့ ပုံစံလေးတွေနဲ့အတူ အမေများအဖွဲ့ကို လှူငွေနဲ့ ကန်တော့ခဲ့တဲ့ မြင့်မြတ်ကို ပရိသတ်တွေကတော့ ပိုချစ်ခင်ကာ အားပေးသာဓုခေါ်ထားကြကာ ဝမ်းသာပီတိဖြစ်နေခဲ့ကြပါတယ်..။ ပရိသတ်ကြီးလည်း အမေများအဖွဲ့ကို ကန်တော့ခဲ့တဲ့ြ မင့်မြတ်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *