သရုပ်ဆောင် ဦးကင်းကောင်ရဲ့ နာရေးအိမ်ကိုသွားရောက်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ

ပရိသတ်တွေအားလုံးက ချစ်ရတဲ့ လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးကင်းကောင်ကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာပဲ အားလုံးကိုကျောခိုင်းကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အများကို ရယ်မောပျော်ရွှင်စေရအောင် အမြဲဖျော်ဖြေပေးတတ်တဲ့ ဦးကင်းလို အနုပညာရှင်မျိုးကို ဆုံးရှုံးလိုက်ရတာက အနုပညာလောကအတွက်ရော ပရိသတ်တွေအတွက်ပါ တကယ့်ကို နှမြောစရာကောင်းတဲ့ နစ်နာမှုကြီးတစ်ခုပဲ ဖြစ်ပါတယ်။

လူရွှင်တော်၊ သရုပ်ဆောင် ကင်းကောင် ရဲ့ ရုပ်အလောင်းကို ရန်ကုန်၊ ရေဝေး သုဿန်၊ ရေခဲတိုက်သို့ ဇန်န၀ါရီလ (၂၂) ရက်နေ့ ညနေပိုင်းက ပြောင်းရွေ့ထားရှိ ခဲ့ပါတယ်။ ဈာပန အခမ်းအနားကိုတော့ လာမယ့် ဇန်န၀ါရီလ (၂၄) ရက်နေ့၊ မနက် (၉) နာရီ အချိန်တွင် ရန်ကုန်၊ ရေဝေး သုဿန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ယနေ့မှာတော့ ဦးကင်းကောင်ရဲ့ နာရေးအိမ်ကိုတော့ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကသွားရောက်ခဲ့ကြပါတယ်။ ဦးကင်းရဲ့နာရေးအိမ်ကိုရောက်ရှိလာတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *