ဟိန္ဒူမလေး လိုဝတ်ဆင်ပြီး ပေါ်တော်မူရှန်ခိုက်ဘုရားပွဲတော်ကြီးကို သွားရောက်ဖူမျှော် ခဲ့တဲ့ အေးမြတ်သူ

Posted on

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။သူမက ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ဇာတ်ကား နဲ့ အကယ်ဒမီဆုကို ရရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ ရဲ့ ဟိန္ဒူမလေး လိုဝတ်ဆင်ပြီး ပေါ်တော်မူရှန်ခိုက်ဘုရားပွဲတော်ကြီးကို သွားရောက်ဖူမျှော် ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။

အေးမြတ်သူ က ကျစ်လျစ်လှပတဲ့ အမိုက်စား Body ကိုပိုင်ဆိုင်ထားသူပါ ။ ခေတ်ဆန်တဲ့ ဖက်ရှင်များနဲ့ လိုက်ဖက်သူဖြစ်သလို မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိလှပသူလေးပါ။

ဒီတစ်ခါမှာတော့ အေးမြတ်သူက “၂၀.၂.၂၀၂၀..သိပ်လှပတဲ့နေ့စွဲလေးမှာ…မင်္ဂလာတခုပြုချင်ခဲ့တဲ့ကျမ ရဲ့ ဆန္ဒလေးပြည့်ခဲ့ပြီပေါ်တော်မူရှန်ခိုက်ဘုရားပွဲတော်ကြီးကို သွားရောက်ဖူမျှာ်ကုသိုလ်ပြုခွင့်ရခဲ့တယ်ရှင့်.. ဘုရားပွဲကြီး က ဒီနေ့ ၂၁.၂.၂၀၂၀ ထိ ကျင်းပမှာ မို့သွားရောက်ဖူးမျှော်နိုင်ပါတယ်ရှင့်.. ခုလို လှပပြည့်စုံခမ်းနားစွာဘုရားဖူးခွင့်ရအောင်..မတ္တာအပြည့်နဲ့ စိတ်တိုင်းကျစီစဉ်ပေးတဲ့ မမအလှဆုံးခြယ်သပေးတဲ့ ဂျက်ဆီကာဟန်
ဓာတ်ဖမ်းပေးတဲ့မောင်cook… အရမ်းကျေးဇူးတင်ပါတယ့်ရှင့်.. စိတ်ဆန္ဒရှိသမျှအပင်းပန်းခံဖြည့်ဆည်းပေးတ့်ချစ်ဆုံး၂ယောက်ကတော့ ပြောဖွယ်ရာမရှိပေါ့ရှင့်.။

“မနေ့ကပြုခွင့်ရတဲ့ကုသိုလ်မင်္ဂလာအတွက်…. ကြည်နူးပျော်ရွှင်ရပါတယ်။၇ရက်သားသမီးများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့်ယုံကြည်ရာဘာသာတရား​၏ကုသိုလ်အလှူပြုနိုင်သောအမျိုးကောင်းသားသမီးများဖြစ်ကြပါစေရှင်။အစစအရာအရာလိုလေသေးမရှိအောင်ကူညီစောင်ရှောက်ပေးကြသောပေါ်တော်မူရှန်ခိုက်ဘုရားကြီး​၏ အကျိုးတော်ဆောင်ဘုရားဂေါပကအဖွဲ့မှလူကြီးများအားအရမ်းကျေးဇူးတင်ပါတယ်ရှင့် ဆိုပြီး ပြောထားပါတယ်”

Leave a Reply

Your email address will not be published. Required fields are marked *