ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သူသားညီကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်အလုပ်တွေအပြင် ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါအောင်မြင်မှုရရှိနေသူတစ်ယောက်ပါ။လတ်တလောသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒါရိုက်တာဏကြီးရိုက်ကူးနေတဲ့ ချစ်ခင်စမှော်ရုံ ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့အပြင် သူကိုယ်တိုင်လည်း ကမ်း ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ်ရိုက်ကူးနေပါသေးတယ်။
အလုပ်တွေနဲ့မအားလပ်တဲ့သားညီကတော့ မကြာခဏဆိုသလိုလည်း သူ့ရဲ့အတွေးအမြင်လေးတွေကို ရေးသားလေ့ရှိပြီး မကြာခင်မှာကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကြီးနဲ့ပတ်သက်ပြီးတော့လည်း အရွှန်းဖောက်ရေးသားခဲ့ပါသေးတယ်။လတ်တလော ဝူဟန်ဂယက်ကြောင့် လူထူထပ်တဲ့နေရာတွေသွားရင် Mask တပ်ပြီးသွားကြဖို့ သတိပေးချက်တွေကြောင့် အကယ်ဒမီပေးပွဲမှာလည်း Mask တွေတပ်လာမှာ မြင်ယောင်မိတဲ့အကြောင်းကို “တစ်ခုထပ် စဉ်းစားမိတယ် !!!လူထူတဲ့နေရာသွားရင် Mask တပ်ပါတဲ့ March 29 အကယ်ဒမီပွဲလူတွေကို အုံးအုံးထနေမှာ လာသမျှ လူတွေအကုန်လုံးက Mask လေးတွေနဲ့တချို့က Mask မှာရွှေချည်ထိုးတွေထိုးလို့ တချို့က ပိုးသား Mask တွေ…တချို့က Mask မှာ ရတနာတွေကပ်လို့…တချို့က Mask မှာ တိုင်းရင်းသားအထိမ်းအမှတ်နဲ့တချို့က Mask မှာ စပွန်ဆာ တံဆိပ်တပ်လို့ ကျွန်တော့် Mask ကတော့ ဘယ်က စပွန်ဆာပါ…ကျွန်မ Mask က ရွှေချည်းပဲ သုံးကျပ်သား ဘာညာပေါ့..အလှဆုံး Mask Fashion ဆုတွေဘာတွေပေး.. ဆုရတဲ့လူက ဆုတက်ယူရင် အကယ်ဒမီအရုပ်မကိုင်ခင် Hand Gelလေးလိမ်း..Mask ကြီးနဲ့ ကျေးဇူးတင်စကားပြော…တော်တော်တော့ ကြည့်လို့လှမှာပဲ !!!အင်း ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီးထိရောက်ပါတယ်.. ဒီနှစ် အကယ်ဒမီပွဲကို Mask နဲ့ တက်မယ်” ဆိုပြီး အရွှန်းဖောက်ခဲ့ပါသေးတယ်။
သားညီကတော့ သူကိုယ်တိုင်လည်း Mask တပ်လာမှာဖြစ်ပြီး အနုပညာရှင်တွေ Mask တပ်လာကြမယ့် ပုံစံကိုလည်း အရွှန်းဖောက်ရေးသားခဲ့တာဖြစ်ပါတယ်။မကြာခင်မှာကျင်းပတော့မယ့် အကယ်ဒမီပေးပွဲမှာတော့ သူကိုယ်တိုင်ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ လေးပါးကျော့ရှိန် ဝရဇိန် ဇာတ်ကားကြီးဟာလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာကြောင့် သူအရမ်းကြိုးစားထားတဲ့ဇာတ်ကားလေးနဲ့ သားညီတစ်ယောက်ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။