အကူအညီလာတောင်းတဲ့ ဇာတ်ပို့ ဇာတ်ရံဖြစ်သူ ဦးမောင်မောင်ကို ချက်ချင်း နိုင်သ လောက်လှူ ဒါန်း ပေးခဲ့တဲ့ ဖြူဖြူထွေး

Posted on

ကိုယ်ကိုယ်တိုင်အောင်မြင်မှုရရှိလာတာနဲ့အမျှ အခြားသူတွေကိုပါလက်တွဲခေါ်ယူဖို့ ဝန်မလေး သူလေး ကတော့ ဖြူဖြူထွေးပါ။ ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တွေကို သူရထားတဲ့ ကြော်ငြာတွေမှာ ထည့်သုံးပေးပြီး တစ်ဖက်တစ်လမ်းက ကူညီနေသလို ကြော်ငြာရိုက်ကူးပြီးချိ န်မှာ လည်း ဂါဝရတရားရှေ့ထားပြီး ကန်တော့လေ့ရှိသူပါ။

မွန်မြတ်တဲ့စိတ်ထားလေးနဲ့ ဖြူဖြူထွေးကတော့ မနေ့ကတော့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင် တစ်ယောက်ကို နိုင်သလောက် လှူဒါန်းပေးဖြစ်ခဲ့တဲ့ သူ့ရဲ့အလှူလေးကို ရေးသားမျှဝေခဲ့ပါ တယ်။ ” ရိုက်ကူးရေးကပြန်ရောက်ရောက်ချင်း….. လေးလေးကအိမ်ထဲထိဝင်လာတယ်…. လေး လေး ဘာများပြောစရာရှိလို့လဲဆိုတော့? ကဒ်လေးပြပြီးအခက်အခဲ ဖြစ်နေကြောင်းပြောတယ် ….. ဖြူဖြူလည်း တတ်နိုင်သလောက် ကန်တော့ခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ ပါတယ် ပရိသတ်ကြီးရေ…

ဖြူဖြူထွေးကတော့ တကယ်ခက်ခဲနေသူတိုင်းကို မညာဘဲနဲ့ ဖြစ်နေတဲ့အခြေအနေကို အမှန်အ တို င်းပြောရင် ကူညီဖို့ အသင့်ပါပဲလို့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိသူပါ။ မနေ့ကတော့ ရှူ တ င်ကပြန်ရောက်ရောက်ချင်း ယုံယုံကြည်ကြည်နဲ့ အကူအညီလာတောင်းခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံ တ စ် ယော က်ကို သူတတ်နိုင်သလောက်ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့အလှူလေးကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *