မန္တလေးမြို့ ငွေနှင်းဖြူ လက်ဖက်ပွဲစားကြီး ဦးညီပု ဇနီးပွဲကတော်ကြီး ဒေါ်နှင်းယဉ်တို့တိုက်ကို အမေဒေါ်အောင်ဆန်းစုကြည် လာရောက်နှုတ်ဆက်ဂါရဝပြုပါတယ်။လွန်ခဲ့သောအကျပ်အတည်းကာလက မန်းမြေ မှာတည်းခိုခန်းများ မေစုလာချိန် ဘယ်မှ ငှားရမ်းမရတော့ အဘဦးညီပု၊ အမေနှင်းတို့အိမ်မှာ တည်းရပါတယ်။
အဘဦးညီပုကို မဟာမုနိဘုရားဂေါပက၊မင်းကွန်းလူအိုရုံဥက္ကဌ မှ ထောက်လှမ်းရေးကဖြုတ်ပစ်ပါတယ်။သူ့သား Dr.မင်းသိန်းကို စစ်ကိုင်းတွင်းတောင်စက်ရုံဆေးဝါးထုတ်လုပ်ရေး ညွှန်ချုပ်နေရာက ဖြုတ်ပစ်ပါတယ်။မိသားစုအားလုံး ညီညွတ်စွာ ဒီမိုကရေစီရဖို့NLD နဲ့အမေစု ကို ထောက်ခံတယ်။အဘဦးညီပု မရှိလည်း အမေနှင်းကိုယ်တိုင် တက်တက်ကြွကြွ အမြဲ ပါတီဝင်များကို နွေးထွေးမှုပေးတယ်။
အခုလို မေစု ဒီလိုအချိန်မှာ အမေနှင်းအသက်၉၀ကျော်မှာလာတွေ့လို့ မန်းသူမန်းသား များအားလုံးဝမ်းသာကြည်နူးမိပါတယ်။ငွေနှင်းဖြူ လက်ဖက် ပွဲကတော်ကြီး အဖွားဒေါ်နှင်းယဉ်ချစ်ခင်ရတဲ့ညီမလေး ဆုမြတ်ဝေလှိုင် ငွေနှင်းဖြူလက်ဖက်မိသားစု များ နဲ့အတူ ထပ်တူထပ်မျှဝမ်းမြောက်ဂုဏ်ယူမိပါတယ်။