သရုပ်ဆောင် နေဒွေးကတော့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း မြို့ပရိသတ်၊ နယ်ပရိသတ်အစုံရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ နေဒွေးက တော့ အောင်မြင်မှု တွေများ စွာ ရရှိခဲ့သလို အမှုအခင်းပြဿနာအချို့နဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ဒါရိုက်တာတစ် ယောက် ကို သူပိုင်ဆိုင်တဲ့ ဇာတ်ကားနှစ်ကား ဖြန့်ချီ ရောင်း ချ ဖို့ ပေးခဲ့ပေမယ့် ဇာတ်ကား တန်ဖိုး ငွေများကို ပြန်လည် မရရှိခဲ့တာကြောင့် ငွေရေးကြေးရေးပြဿနာတွေလည်း ရှိခဲ့ သေးပါတယ်။
ဒီကနေ့မှာတော့ နေဒွေး က တော့ သူရစရာရှိတဲ့ ငွေတွေကို ပြန်လည်မပေးအပ်သေးတဲ့ အဆိုပါ ဒါရိုက်တာ သိစေရန် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ ပြော လာ ပါတယ်။ကိုယ်တွေလည်း အခုတလောလှူဖြစ်နေတာဆိုတော့ ရဖို့ရှိနေတဲ့ အကြွေးသိန်း(၂၀) လည်း လှူလိုက်ပါတယ်ဗျာ။ ကိုယ့်အကြွေးတောင် တောင်းပန်မှပြန်ပေမယ် ဆို တော့
ဒါပေ မယ့် အကြွေးပြန်မပေးလည်းနေပါဗျာ။ အလှူတွေလုပ်ပြီး ခက်ခဲနေတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ ကို တတ်နိုင်သလောက် အလုပ်ပေးနေတဲ့သူတွေကို တော့ သွားပြီးမစော်ကားပါနဲ့ဗျာ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။နေဒွေးကတော့ သူ့ရဲ့ ရစရာရှိတဲ့အကြွေးတွေကို မပေးတဲ့အပြင် ပရဟိတအလှူ တွေလုပ် နေတဲ့သူတွေကို စော်ကားတယ်ဆိုတဲ့ သူတစ်ယောက်ကို ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။