“အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို တောင်းဆိုမှုလေးတစ်ခု ပြုလုပ်လာတဲ့ ပိုးကြာဖြူခင်”

Posted on

ဆိုင်းမိုင်လို့ပရိသတ်​တွေရဲ့ ချစ်စနိုး​ခေါ်ခံရတဲ့ MRTV-4ရဲ့ သရုပ်​ဆောင်မင်းသမီး​လေးပိုးကြာဖြူခင်ကို​တော့ အထူးတလည်မိတ်ဆက်​ပေးဖို့ မလို​လောက်ဘူးထင်ပါတယ်​နော်။

ဆိုင်းမိုင်​လေးက​တော့ ရုပ်ရှည်​ချော​မောရုံသာမက သရုပ်​ဆောင်မှုပိုင်းမှာလည်း ဇာတ်ရုပ်အတိုင်း ပီပြင်စွာ သရုပ်​ဆောင်နိုင်တဲ့ မင်းသမီး​ချော​လေးတစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့သရုပ်​ဆောင်မှု​ကြောင့် ပရိသတ်အများဆုံးဝန်းရံအား​ပေးမှုခံရတဲ့ မင်းသမီးဆိုလည်းမမှား​လောက်ပါဘူး။

ဆိုင်းမိုင်က​တော့ ပရိသတ်​တွေအတွက် ချစ်စရာ​ပုံရိပ်​လေး​တွေနဲ့ အလွမ်းအ​ဆွေး​စာသား​လေး​တွေကို တင်​ပေး​လေ့ရှိပါတယ်။ မတ်လ(၁၂)ရက်​နေ့မှာ ဆိုင်းမိုင်​လေးက “ကိုယ်ရှိတဲ့အရပ်ကိုမှ ကွက်ပြီး နေသာ နေသလိုမျိုး ကိုယ့်တစ်ယောက်ထဲကိုပဲ ကွက်ပြီး ချစ်နေပေးပါ ”ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဆိုင်းမိုင်​လေးရဲ့ ကပ်​ပရှင်း​လေးက​ဘယ်သူကိုရည်ရွယ်ပြီး​တင်လာတယ်ဆိုတဲ့အ​ကြောင်း ပရိသတ်​တွေစိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်​နော်။

Leave a Reply

Your email address will not be published. Required fields are marked *