အချစ်ကြမ်းတဲ့ ချစ်သူကြောင့် ခွဲစိတ်ထားတဲ့ ရင်သား ပြုတ်ထွက်သွားခဲ့ရတဲ့ အမျိုးသမီး

Posted on

ထိုင်းနိုင်ငံက ပရီယာပွန်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သောင်းကျန်းလွန်းတဲ့ ချစ်သူကြောင့် ခွဲစိတ်ထားတဲ့ ရင်သားပင် ပြုတ်ထွက်သည်အထိ ဖြစ်ခဲ့ရပါတယ်။အခုအခါမှာ ခေတ်စားနေတဲ့ ရင်သားပိုကြီးအောင် အစားထိုးခွဲစိတ်မှု ခံယူခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ၂၅၅ စီစီ အရွယ်အစား ရင်စားဆီလီကွန်ပြုပြင်မှု ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ တစ်နှစ်လောက်ကြာသည်အထိ အဲဒီ ထည့်သွင်းထားတဲ့ ဆီလီကွန်တွေက အဆင်ပြေနေခဲ့ပြီး ချစ်သူရပြီး မကြာမှီမှာဘဲ ပြုတ်ထွက်သွားတာပါ။သို့သော်လည်း ချစ်သူအမျိုးသားနဲ့ အတူတူနေတဲ့အခါမှာတော့ ချစ်သူက အငြိမ်မနေဘဲ အလွန်ကို ဖျစ်ညှစ်သောင်းကျန်ခဲ့တာကြောင့် သူမမှာ အလွန်နာကျင်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူမရဲ့ ရင်သားတွေဟာ အောက်ကို တွဲကျလာခဲ့ပြီး သူမလည်း အံ့သြခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ ချစ်သူရဲ့ အငြိမ်မနေအကျင့်ကြောင့်ဘဲ ရင်သားအတွင်းထည့်သွင်းထားတဲ့ ဆီလီကွန်တွေက ပြုတ်ထွက်သွားခဲ့တာပါ။ ဒါကိုတောင် သူမက နာတာပဲသိပြီး သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။

ဒေါက်တာရဲ့ ပြောပြချက်အရ ရင်သားအတွင်း ထည့်သွင်းတဲ့ ဆီလီကွန်တွေဟာ အရည်အသွေးနိမ့်တဲ့အတွက် ဖြစ်သင့်တာထက်ပိုပြီး မာနေခဲ့ကြောင်း၊ ပထမခွဲစိတ်ထည့်သွင်းစဉ်တုန်းကတည်းက ပြန်ပြီးချုပ်တဲ့အခါမှာ မသေမသပ်ဖြစ်လို့ ဒါ့အပြင်၊ ဒါဟာ တစ်ခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့ အနေအထားလို့ ပြောပါတယ်။ အခုတော့ သူမ ရင်သားတွေကို ပြန်လည် ပြင်ဆင်ပြီးပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *