အချစ်​ဟောင်းရဲ့ လက်​ထပ်​မင်္ဂလာကို ရုပ်ပျက်ဆင်းပျက် ​​​​ဖျက်​ဆီးလိုက်တဲ့အမျိုးသမီး

ဒီအဖြစ်​က​တော့ တရုတ်​ပြည်​မှာဖြစ်​ပျက်​ခဲ့တဲ့ဖြစ်​ရပ်​ပါ။ စိတ်​ဆိုး​ဒေါသထွက်​ရမလား၊ ဝမ်းနည်​​ကြေကွဲစရာဖြစ်​ရပ်​ဆိုးတာကို​တောင်​ ​ဝေခွဲရခက်​သွား​စေခဲ့ပါတယ်​။ ချစ်​သူ​ဟောင်းကို သံ​ယောဇဉ်​မပြတ်​နိုင်​ခဲ့သူရဲ့ ရင်​နာစရာအဖြစ်​ပါပဲ။ လူ​ပေါင်းများစွာရဲ့ စိတ်​ဝင်​စားများစွာကိုခံရပြီး ထင်​​ကြေးမျိုးစုံအ​ပေးခံ​နေရတဲ့ ဗွီဒီယို​လေးအဖြစ်​ အင်​တာနက်​မှာပျံ့နှံ့​နေပါတယ်​။

အဖြစ်​က​တော့ဒီလိုပါ။ တခြားအမျိုးသမီးတစ်​​ယောက်​နဲ့ လက်​ထပ်​ပွဲကျင်းပ​နေတဲ့ ကိုယ့်​ချစ်​သူကို လက်​မလွှတ်​နိုင်​တဲ့ အမျိုးသမီး၊ မဖိတ်​ထားတဲ့ အချစ်​ဟောင်းရဲ့​​မင်္ဂလာပွဲကို သတို့သမီးဝတ်​စုံကိုပါဝတ်​လို့ တက်​လာခဲ့သူ၊ဘ သိက္ခာ​တွေ၊ မာနတရား​တွေကို အချစ်​ရဲ့​အောက်​မှာစုန်းစုန်းမြှုပ်​သွားခဲ့ရတဲ့ အချစ်​ကြီးခဲ့သူတစ်​​ယောက်​ ကို အဓိပ္ပါယ်​ဖွင့်​ဆိုမှု​ပေါင်းမျိုးစုံနဲ့ ဒီ ဗွီဒီယိုထဲမှာ မြင်​​တွေ့ရပါလိမ့်​မယ်​။

မင်္ဂလာစင်​မြင့်​ထက်​​ပေါ်က ကြည်​နူးရှက်​ရိပ်​သန်း​နေတဲ့မင်္ဂလာ သတို့သားနဲ့ သတို့သမီးတို့ဟာ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်​အနမ်း​ခြွေ​တော့မယ်​ဆဲဆဲမှာပဲ ဘယ်သူမှ ​မ​မျှော်​လင့်​ထားတဲ့ အဖြစ်​အပျက်​​တွေက တန်းစီပြီး ​ရောက်​ရှိလာပါ​တော့တယ်​။သတို့သမီးဝတ်​စုံကိုဝတ်​ဆင်​ထားတဲ့ အမျိုးသမီးတစ်​​ယောက်​ဟာ အချစ်​​ဟောင်းရဲ့ ​မင်္ဂလာပွဲထဲကို ဒုန်းစိုင်းဝင်​​ရောက်​လာခဲ့တယ်​။ စင်​မြင့်​​ပေါ်​ပြေးလွှားတက်​ပြီး ရည်းစား​ဟောင်းဖြစ်တဲ့ ​​​​​သတို့သားကို ဒူး​ထောက်​​တောင်းပန်​ငိုယို​နေခဲ့တာပါ။ “အားလုံးကငါ့အပြစ်​​တွေချည်းပါပဲ။ ငါ့ကိုခွင့်​လွှတ်​ပါ။ ငါ့ကိုအခွင့်​အ​ရေးတစ်​ကြိမ်​ထပ်​​ပေးပါဦး။ နင်​ ငါ့ဆီကိုပြန်​လာ​ပေးပါ​နော်​ ” လို့ ​အော်​ကြီးဟစ်​ကျယ်​နဲ့ တတွင်​တွင်​​ ​အော်​ဟစ်​​နေပါ​တော့တယ်​။ ကြိုတင်​ထင်​မထားတဲ့ ​ဝရုန်းသုန်းကားအ​ခြေအ​နေတစ်​ခုမှာ သတို့သားဟာ​ ​တော်​​တော်​တုန်​လှုပ်​သွားခဲ့တယ်​။

ပွဲတစ်​ခုလုံးရဲ့အာရုံက သတို့သမီးဝတ်​စုံတဖားဖားနဲ့ ​ဒူး​ထောက်​​အော်​ဟစ်​လို့ ငိုယို​နေရင်း ကမ္ဘာပျက်​မတတ်​ ခံစား​နေရတဲ့ ဘယ်​သူမှန်းမသိတဲ့အမျိုးသမီးဆီကို စုပြုံ​ရောက်​ရှိသွားပါ​တော့တယ်​။အကြီးအကျယ်​စိတ်​ဒုက္ခ​ရောက်​သွားရတာက သတို့သားနဲ့ သတို့သမီးတို့ပါပဲ။ အမျိုးသမီးဟာ သတို့သားကို ​တောင်းပန်​ခယ​နေရင်းနဲ့ကို တဖြည်းဖြည်း နဲ့ ဆွဲလာရမ်းလားအ​ခြေအ​နေအထိ ဖြစ်​လာပြီး မင်္ဂလာပွဲစင်​မြင့်​မှာ ရုတ်​ရုတ်​သဲသဲဖြစ်​လို့ ပွဲပျက်​မလိုအထိကြုံလာရပါပြီ။

ဘေးကျပ်​နံကျပ်​​ဖြစ်​ရတဲ့ သတို့သားအတွက်​က​တော့ ရုတ်​တရက်​ကြီးဆိုသလို ထူပူသွားရ၊ ဘာလုပ်​ရမှန်းမသိဘဲ စိတ်ဆိုး​​ဒေါသထွက်​သွားရတဲ့ သတို့သမီး​လေးကို အနူးအညွှတ်​ ​ချော့​မော့ရင်း၊ တစ်​ဖက်​ကလည်း ပစ်ပစ်ခာခာ​​ ဆွဲရမ်း​နေတဲ့ချစ်​သူ​ဟောင်းရဲ့လက်​ကို ကန်​​ကျောက်​ပုတ်​ချ​အော်​ဟစ်​ရင်း ပွဲလယ်​​ခေါင်​မှာ အင်​မတန်​ကို ဗျာများ​ချွေးပြန်​​နေရပါပြီ။သတို့သမီးနဲ့ သူ့မိသားစုတစ်​ခုလုံးလည်း ​အော်​ကြီးဟစ်​ကျယ်​​တွေနဲ့ ရုတ်​တရက်​ ​​အ​ခြေအ​နေ​ကြောင့်​ ကြက်​​သေ​သေ​နေရပြီး ဘာလုပ်​ရမှန်းမသိ​အောင်​ ရှုပ်​​ထွေးကုန်​ကြပါတယ်​။ ​နောက်​ဆုံးမှာ​တော့ မင်္ဂလာပွဲမပျက်​​အောင်​ အသည်းအသန်​ ​တောင်းပန်​နှစ်​သိမ့်​​ပေး​နေတဲ့ သတို့သားရဲ့လက်​ကို လွှတ်​ချပြီး သတို့သမီးဟာ စင်​​ပေါ်က​နေဆင်းချသွားပါတယ်​။ မင်္ဂလာပွဲဟာ အမင်္ဂလာ ဖြစ်​သွားခဲ့ရပါပြီ။

ဒီဖြစ်​ရပ်​အပြီးမှာ ချစ်​သူနှစ်​ဦးရဲ့ နှ​မျောဖွယ်​ရာ မင်္ဂလာပွဲကို​ ဘယ်​ပုံဘယ်​နည်းနဲ့ ပြန်​အဖတ်​ဆယ်​နိုင်​ဖို့ လမ်းရှိ၊ မရှိ မ​သေချာ​ပေမယ့်​ အချစ်​​ဟောင်းရဲ့လက်​ထပ်​မင်္ဂလာကို ရုပ်​ပျက်​ဆင်းပျက်​ ဖြစ်​​အောင်​ဖျက်​ဆီးခဲ့တဲ့ အမျိုးသမီးကို​တော့ အချစ်​ရှုံးသမားအဖြစ်​ ဝိုင်းဝန်းကရုဏာသက်​​နေသူ​တွေရှိသလို ကိုယ်​စိတ်​​​ဖြေသာဖို့ တစ်​ပါးသူဘဝကိုဖျက်​ဆီးလိုက်​တဲ့၊ ချစ်​သူနှစ်​ဦးရဲ့ တစ်​သက်​တာအမှတ်​တရကို မစားရတဲ့အမဲ သဲနဲ့ပက်​ပြီး ​အောက်​​တန်းကျတဲ့လုပ်​ရပ်​ကို ကျူးလွန်​သူအဖြစ်​ ပြစ်​တစ်​ဆဲဆို​ဝေဖန်​မှု​တွေလည်း အင်​တာနက်​တစ်​ခွင်​ မိုးမွှန်​သွားခဲ့ရပါတယ်​။ အချစ်​ဟာတကယ်​​တော့ ပ​ဟေဠိ ဆန်​လွန်းတယ်​မဟုတ်​လား။

Leave a Reply

Your email address will not be published. Required fields are marked *