အချိန်မှန်မှန်မပွင့်ပေမယ့် ပိတောက်ပန်းလေးတွေကို အရမ်းမြတ်နိုးကြောင်းပြောလာတဲ့ အိချောပို

Posted on

ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးနဲ့ လှပကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး အိချောပိုကို လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ အိချောပိုက လက်ရှိအချိန်ထိတိုင် အနုပညာလောကမှာ နေရာယူထားနိုင်ပြီး ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိချောပိုက ကပ်ရောဂါအေခြေအနေတွေကြောင့် အလုပ်တွေအားလုံးကို ရပ်နားထားရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိချောပိုက ရာသီပေါ် ပိတောက်ပန်းလေးနဲ့ ဓာတ်ပုံရိုက်ရင်း “ပိတောက်ကအချိန်မှန်မပွင့်လို့ သစ္စာမရှိဘူးလို့ပြောကြတယ်။ ကိုယ့်အတွက်ကတော့ရှင်းတယ်။ ပိတောက်က ပိတောက်ဖြစ်နေလို့ကိုချစ်တယ်။” ဆိုပြိး ပန်းလေးတွေကို မြတ်နိုးကြောင်း ပြောပြထားပါတယ်။

အိချောပိုကတော့ ပိတောက်ပန်းလေးနဲ့ အပြိုင် နူးနူးညံ့ညံ့လေးလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပိတောက်ပန်းလေးနဲ့ အိချောပိုရဲ့အလှ ဘယ်ဟာကို ပိုချစ်လဲဆိုတာကို ပြောပြခဲ့ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *