အင်္ဂလန်မှာ Covid-19 ကူးစက်ခံခဲ့ရပေမယ့် နေပြန်ကောင်းအောင်ဘယ်လိုနေထိုင်စားသောက်ခဲ့ကြောင်း ပြောပြလာတဲ့အောင်ရင်

Posted on

ပရိသတ်အချစ်တော် အဆိုတော်တစ်ဦးဖြစ်တဲ့ အောင်ရင်ကတော့ တေးသီချင်းများစွာနဲ့ အားလုံးရဲ့ရင်ထဲမှာနေရာယူထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ အောင်ရင်တစ်ယောက် အင်္ဂလန်နိုင်ငံကို ခေတ္တသွားရောက်ရင်း Covid-19 ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ ပြည်ပကိုရောက်ရှိနေတဲ့အောင်ရင်အတွက် သားဖြစ်သူမိုးအောင်ရင်အပါအဝင် အားလုံးက စိတ်ပူပန်နေရတာ ဖြစ်ပါတယ် ။

ဒီနေ့မနက်မှာတော့ အောင်ရင်က နေပြန်ကောင်းသွားပြီဖြစ်တာကြောင့် သူဘယ်လိုနေထိုင်စားသောက်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ အောင်ရင်က “မင်္ဂလာပါ ကိုဗစ်လား ငဗစ်လားမသိပါဘူးကျွန်တော်နေမကောင်းတော့ ဘိလပ်ကသူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်

အင်္ဂလန်မှာ ဒီလက္ခဏာပြပေမယ့် အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား Negative လားသိနိုင်ပါမယ် ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါတယ်ဘာပဲဖြစ်ဖြစ် ကျွန်တော်နေကောင်းပါပြီဆုတောင်းမေတ္တာပို့သပေးသူများအားလုံးကျေးဇူးတင်ရှိပါတယ်။

ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂ ရက် မနက်တိုင်း Vitamin C တလုံးသောက်ပါတယ် ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာလည်းCorona Virus ကြောင့်နေမကောင်းဖြစ်တာ အိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာတွေ့ရလို့ အမျိုးတွေကိုလည်း သိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ ကျွန်တော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကဲ နေပြန်ကောင်းသွားပြီဖြစ်တဲ့ အောင်ရင်ရဲ့အကြောင်းကို စိတ်ပူနေကြတဲ့ပရိသတ်တွေဝမ်းသာစေဖို့ အခုလို ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *