အခုတလော မြန်မာနိုင်ငံက မိန်းကလေးတစ်ယောက် ဖြစ်တဲ့ မ ဆုလှိုင်ဟာ အဂ်လန် နိုင်ငံက သတင်းမီဒီယာတွေ ထက်မှာ အရမ်းကို နာမည်ကြီးနေတယ်လို့ သိရပါတယ်….
နာမည်ကြီးရတဲ့ အကြောင်းအရင်းက တော့ သူမ ရဲ့ သေးငယ် လှတဲ့ ခါး အရွယ်အစားအကြောင့်ဖြစ်ပါတယ်
ဆုလှိုင် ရဲ့ ခါးဆိုဒ်က ၁၃.၇ လက်မပဲ ရှိတာ ဖြစ်လို့ လေတိုက်ရင်တောင် ကျိုးသွားမလား ဆိုပြီး မှတ်ချက်ပေးမှုတွေလည်း ရှိနေပြန်ပါတယ်….
ဆုလှိုင်ဟာ သူမရဲ့ Facebook နဲ့ Instagram အကောင့်ကနေ ဓာတ်ပုံတွေကို တင်ခဲ့ရာမှ မြန်မာနိုင်ငံမှာသာ မက နိုင်ငံခြားအထိ ပျံ့နှံ့သွားပြီး အဂ်လန် သတင်းမီဒီယာတွေ ထက်မှာ လူပြောများနေတာ ဖြစ်ပါတယ်
တစ်ချို့ကလည်း သူမရဲ့ ဓာတ်ပုံတွေကို Photo Shop လို့ ထင်နေကြတာ လည်း ရှိပါတယ်…
ဒါနဲ့ ပတ်သတ်ပြီးတော့ ဆုလှိုင်က သူမရဲ့ ခါးဆိုဒ်ဟာ ပုံမှန်အရွယ် အစားဖြစ်ကြောင်း….Photo Shop နဲ့ လုပ်ထားတာ မဟုတ်ဘဲနဲ့ အစားအသောက်တွေ ဆင်ခြင်တာတွေ တော့ ရှိကြောင်း…..သူမကိုယ် သူမလည်း ထူးခြားတယ်လို့ မခံစားရတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်
သူမဟာ အခုလက်ရှိမှာတော့ ပဲခူး မြို့မှာ နေထိုင်နေတယ်လို့ သိရပါတယ်