အငယ်ဆုံးသမီးလေးရဲ့ (၃) လပြည့်မွေးနေ့လေးမှာ ပျော်ရွှင်နေကြတဲ့ Rဇာနည်တို့မိသားစု

Posted on

ဇာနည်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်ဝါရင့်အဆိုတော်တွေထဲကတစ်ယောက်ပါ။ အဆိုတော်တစ်ယော်ကအနေနဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး လူငယ်အဆိုတော်တွေအတွက်လည်း အားကျရတဲ့အဆိုတော်တစ်ယောက်လို့လည်း ဆိုရမှာပါ။ ပရိသတ်တွေချစ်တဲ့ Rဇာနည်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ဖန်တီးတည်ဆောက်ထားနိုင်တာပါ။

Rဇာနည်ကတော့ သားသမီး(၃) ယောက်ကိုပိုင်ဆိုင်ထားပြီး ဇနီးဖြစ်သူဝမ်းနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီးနောက်အငယ်ဆဲုံးသမီးလေးကိုမကြာသေးခင်ကမွေးဖွားခဲ့တဲ့ သူတို့မိသားစုလေးကတော့ တကယ့်ကိုပျော်ရွှင်ပြည့်စုံနေတဲ့ မိသားစုလေးလို့ဆိုရမှာပါ။ အငယ်ဆုံးသမီးလေးကတော့ လက်ရှိမှာ(၃)လပြည့်သွားပြီဖြစ်ပြီး တစ်မိသားစုလုံးကပျော်ရွှင်နေကြပါတယ်။

Rဇာနည်ကတော့သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ တစ်မိသားစုလုံးရဲ့ပျော်ရွှင်မှုပုံရိပ်တွေနဲ့အတူ “မစ်မစ်လေးသုံးလပြည့်အမှတ်တရ” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ ပရိသတ်လေးကတော့ချစ်စရာကောင်းတဲ့မစ်မစ်လေးကို မွေးနေ့ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *