အင်ဒိုနီးရှားတွင် နှာခေါင်းစည်းမတပ်သူများကို ကျင်းတူးခိုင်း

Posted on

အင်ဒိုနီးရှားနိုင်ငံက ကျေးလက်ဒေသတစ်ခုမှာ နှာခေါင်းစည်းမတပ်သူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသူတွေရဲ့ အလောင်းမြှုပ်ဖို့ ကျင်းတူးခိုင်းကာ ဒဏ်ပေးတယ်လို့ အခုလ(၁၇)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။အရှေ့ဂျာဗားပြည်နယ် Cerme ခရိုင်မှာ လူလတ်ပိုင်း သုံးဦးနဲ့ လူငယ် ငါးဦးတို့ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အဲဒီပြစ်ဒဏ်ပေးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ နှာခေါင်းစည်းမတပ်သူတွေကို Cerme ခရိုင်အာဏာပိုင်တွေက ရူပီး တစ်သိန်းခွဲ ဒဏ်ရိုက်ခံမလား၊ ပြစ်ဒဏ်ခံယူမလားလို့ ရွေးချယ်စေတဲ့အခါ ၊ အများစုက ပြစ်ဒဏ်ပေးတာကိုပဲ လက်ခံကြတယ်လို့ ခရိုင်တာဝန်ရှိသူတွေက CNN သတင်းဌာနကိုပြောပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေကို မြှုပ်ဖို့ ကျင်းတူးခိုင်းတာဟာ ပညာပေးတဲ့သဘောကို သက်ရောက်စေပြီး၊ ဒီဗိုင်းရပ်စ်ကူးစက်ခံရပါက ဘယ်လိုရလဒ် ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုမိသွားမယ်လို့ ယူဆကြောင်းလည်း ခရိုင်တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အများပြည်သူအကြားသွားလာတဲ့အခါ မဖြစ်မနေနှာခေါင်းစည်းတပ်ဖို့ သက်ဆိုင်ရာညွှန်ကြားထားပေမဲ့၊ နှာခေါင်းစည်မတပ်သူတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေကြဖို့ စည်းကမ်းတွေကိုမလိုက်နာသူတွေရှိနေကြပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်သူပေါင်းဟာ နှစ်သိန်းသုံသောင်းကျော်လာပြီး၊ သေဆုံးသူက ကိုးထောင်ကျော်ရှိလာတာကြောင့် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို အများပြည်သူက မလိုက်နာဘူးဆိုရင် ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ခက်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *