အင်းစိန်ဆေးရုံကြီးမှာ ပြည်သူနဲ့ အနုပညာရှင်တွေဆီက ကောက်ခံထားတဲ့အလှူ ငွေ (၁၃၅) သိန်းကျော်ကို လှူ ဒါန်းခဲ့တဲ့ ဖြူ ဖြူ ကျော်သိန်း

Posted on

တေးသံရှင်ဖြူဖြူကျော်သိန်းကတော့ Covid-19 ကာကွယ်ရေးအတွက် တစ်တတ်တအား အနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့ပါပြီ ” ပြည်သူနှင့်အတူ လှူကြမယ် ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ Covid-19 ပြဿနာ ဖြေရှင်းရန် ပြည်သူများနဲ့ အနုပညာရှင်များ စုပေါင်းကောက်ခံထားသော အလှူငွေများထဲက

အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးအတွက် လိုအပ်နေသော ငွေကျပ် (၁၃၅) သိန်း (၁) သောင်း (၂) ထောင့် (၅) ရာကို လှူဒါန်းခဲ့တယ်လို့သိရှိရပါတယ် ။ လှူဒါန်းခဲ့တဲ့ ပစ္စည်းတွေကတော့ KN 95 – 450 pc ၊ Surgical Gowns – 640 pc ၊ Apron – 4800 pc ၊ DuPont PPE – 280 pc ၊ Face Shield – 340 ၊ E-Gloves – 2000 pc ၊ Pulse Oximeter – 5 pc ၊ BP Cuff – 5 pc တို့ကို ပါမောက္ခသမားတော်ကြီး ဒေါ်မာမာကြည် ထံ လက်ရောက်ပေးအပ်လှူတန်းခဲ့တာပဲဖြစ်ပါတယ် ။ အလှူရှင်များသာဓုခေါ်နိုင်ရန်အတွက် ဖြူဖြူက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အလှူအတွက် ဂုဏ်ပြုမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးထားတာပဲဖြစ်ပါတယ် ။

 

အနုပညာရှင်တွေကလည်း အခုလို အမှန်တကယ်လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက် ဖြူဖြူနဲ့ထပ်တူ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနေကြတာတွေ့ရပါတယ် ။ ပြည်သူနဲ့ အနုပညာရှင်တွေ အတူတူ ပါဝင်လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ ဖြူဖြူရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ။

Leave a Reply

Your email address will not be published. Required fields are marked *