ဖိလစ်ပိုင်လူမျိုး Catwalk Model တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကတော့ လွန်ခဲ့တဲ့နှစ် တွေ ကတည်းက သူ့ရဲ့ ဟာသဗီဒီယိုတွေနဲ့ Catwalk လျှောက်ပုံတွေကြောင့် တစ်ကမ္ဘာလုံးက ပ ရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူပဲ ဖြစ်ပါတယ်။ Sinon က ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်အတွင်းမှာ မန္တ လေးမြို့က ရှိုးပွဲတစ်ခုကို အလုပ်ကိစ္စနဲ့ လာရောက်ခဲ့ရာမှ မြန်မာနိုင်ငံကို သံယောဇဉ်ဖြစ်ပြီး မြန် မာနိုင်ငံမှာ နေထိုင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်တောင်ရှိပြီ ဖြစ်ပါတယ်။
ပရိသတ်တွေက လည်း Sinon ကို အနုပညာရှင်တစ်ယောက်အဖြစ်သာမက စေတနာရှင်ဟီးရိုးကြီးအဖြစ်လည်း ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။အခက်အခဲဖြစ်နေတဲ့လူတွေကို အယုတ်အလတ်အမြတ်မရွေး ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ Sinon က ဒီကနေ့မှာလည်း လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ အင်္ဂလိပ်စာဆရာ ဦး တင်ဦးဆီ သွားရောက်တွေ့ဆုံပြီး
သူတတ်နိုင်သလောက်လေး ကူညီထောက်ပံ့လှူဒါန်းပေးခဲ့ပါ တ ယ်။ Sinon က “ကျွန်တော့်ရဲ့ ဘာမှမပြောပလောက်တဲ့ အကူအညီနဲ့ ကျွန်တော်ကြင်နာမှု လေး ကို လက်ခံပေးတဲ့အတွက်ကျေးဇူးပါ။ ဦးနဲ့တွေ့ခွင့်ရတာအရမ်းပျော်ပါတယ်။ အမြဲတမ်း ဂရု စိုက်ပါဗျ” ဆိုပြီးဦးတင်ဦးကိုတောင် ပြန်လည်ကျေးဇူးတင်စကားလေး ပြောထားပါတယ်။
Sinon ကတော့ သူရရှိသမျှ အနုပညာကြေးနဲ့ ဝင်ငွေတွေကို အလှူအတန်းတွေ ပြုလုပ်ရင်းသာ ပျော်မွေ့နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လို က် ပါတယ်နော်။