အစ်စတာဂရမ်ပေါ်မှာ ဝတ်လစ်စလစ်ဗီဒီယို မှားတင်ခဲ့မိတဲ့ ဘောလိဝုဒ်မင်းသမီး

Posted on

Atrangi Re တို့ Love Aaj Kal တို့လို ရုပ်ရှင်မျိုးတွေမှာ သရုပ်ဆောင် ခဲ့တဲ့ မင်းသမီး Sara Khan ဟာ ပြီးခဲ့တဲ့ လတုန်း က ဆိုရှယ်မီဒီယာမှာ လူတွေရဲ့ ဝေဖန်မှုကို အပြင်းအထန် ခံလိုက်ခဲ့ရပါတယ်။

Instagram မှာ follower ပေါင်း ၁.၃ သန်း ရှိနေတဲ့ မင်းသမီး Sara Khan ဟာ သူမရဲ့ Instagram မှာ အမြဲတမ်း လိုလို ဓာတ်ပုံလေးတွေ မျှဝေနေခဲ့သူပါ။ ဒါကြောင့် ညီအစ်မ တော်စပ်တဲ့ Ayra Khan နပအတူတူ အဲဒီအချိန်တုန်းက ပိတ်ရက်မှာ ခရီးတစ်ခုသွားခဲ့ပါတယ်။

Story Pick ရဲ့ဖော်ပြချက် အရ Sara Khan ဟာ ခရီးသွားတဲ့ ပုံရိပ်တွေမျှဝေနေခဲ့ပြီး အဲဒီအထဲက ဗီဒီယိုတစ်ခု ကိုတော့ အိန္ဒိယလူမျိုးတစ်ဦး အတွက် အမြင်မသင့်တယ်တဲ့ ပုံရိပ်တချို့ကို တင်လာမိခဲ့ပါတယ်။ မတော်တဆပေါ့။ အဲဒါကတော့ သူမ ရေချိုးကန်ထဲ အဝတ်အစား မပါဘဲ ရေစိမ်နေခဲ့တဲ့ ဗီဒီယိုလေး တစ်ခုပါပဲ။ သူ့အကောင့်မှာ မဟုတ်ဘဲနဲ့ ညီအစ်မတော်စပ်တဲ့ Ayra ရဲ့ Instagram story မှာပါတဲ့လေ။

ဒီ story ဟာ ခဏလေး အတွင်းမှာပဲ ပြန်ဖျက်ခဲ့ပေမယ့်လို့ လူတချို့ကတော့ Sara Khan ရဲ့ ပုံရိပ် တချို့ကို screenshot ရိုက်ကူးကာ သိမ်းထားခဲ့ပါတယ်။ နောက် ပြန်တင်ပြီး ဝေဖန်မှုတွေဖြစ် လာခဲ့တာပါ။ ဗီဒီယိုကို ပြန်ဖျက်ခဲ့ပေမယ့်လို့ ကြည်ရှုသူပေါင်း ထောင်ချီနဲ့ ပြန်ပြီး Download ဆွဲတဲ့လူတွေဟာလည်း ထောင်နဲ့ချီရှိနေ ခဲ့ပါတယ်တဲ့။

Ayra ကတော့ သူ့အနေနဲ့ Sara Khan ကို ဘာမှဖြစ်စေလိုတာမဟုတ်ဘဲ အမှတ်တရအနေနဲ့ တင်ခဲ့ရာမှ Sara Khan ရဲ့လှုပ်ရှားမှုကြောင့် အမှတ်တမဲ့ဖြစ်သွားတာပါလို့ ပြောလာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *