“အထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီ ….မြန်မာနိုင်ငံ ကံကောင်းလွန်းတယ်

Posted on

ဆေးဝါးမပြည့်စုံ ဆေးရုံမလုံလောက် သူနာပြုလျော့ရဲရဲ ဆရာဝန်ရှားပါး ငွေကြေးက ဗလာ ခေတ်မှီနည်းစနစ်ကမရှိ..ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြ တယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရမနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ. . .ဒီနိုင်ငံလေးတော့သနားစရာပေါ့

စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာလူပြည့်ကျပ်ပြီး သုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီး ကြေငြာချက်တွေကို သူ့ထက်ငါ ထုပ်ပြန်ကြလေရဲ့..မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။ခုအထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီ အားကျကုန်ကြပြီ လေးစားကုန်ကြပြီသူတို့ထင်သလို လမ်းဘေးမှာအတုန်းအရုန်းလဲနေသူ တွေမရှိကြဘူးသူတို့ထင်သလို တစ်ပတ်အတွင်းထိမ်းမနိုင်သိမ်းမနိုင် ဖြစ်ပြီး အများအပြား သေတဲ့အလောင်းတွေမရှိဘူးသူတို့ထင်သလို ရိက္ခာလုယက်မှုတွေတစ်ခုမှဖြစ်မလာ ဘူးအံ့သြကုန်ကြတယ် .တွေဝေကုန်ကြတယ်. စူးစမ်းကုန်ကြတယ်…အထင်ကြီးကုန်ကြတယ်ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့

သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာအများ …ကြီးရှိတယ်သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများ …ကြီးရှိတယ်သူတို့မလုပ်နိုင်တဲ့အလုပ်တွေကို မြန်မာပြည်မှာလုပ်နိုင်…တဲ့သူတွေ အများကြီးရှိတယ်ဆေးရုံမလုံလောက်ဘူးထင်ကြတယ်…ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေ..ကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်ဒိထက်အံ့သြစရာကောင်းတာက..စောင့်ကြည့်ခံသူတွေ..ကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲ..နှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်မို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်..တစ်နိုင်ငံလုံးမြေပြင်သာမက ဝေဟင်ထက်ကပါ…မြတ်ဗုဒ္ဓ၏ အစွမ်းထက်ပရိတ်တွေကိုရွတ်ဖတ်ပြီး…သံဃာတော်အရှင်မြတ်တွေက တားဆီးပေးခဲ့တယ်သူနာပြုမလုံလောက်ဘူးထင်ကြတယ်

ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်..ပြောင်းလဲကုန်ကြတယ် ကြက်ခြေနီ မီးသတ် စည်ပင်..စုံလို့..အစားအစာရိက္ခာမလုံလောက်ဘူးထင်ကြတယ်…ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက..ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်…ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့.ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံး…တောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်သူတို့တွေမျက်လုံးပြူးကုန်ကြပြီ…လေးစားကုန်ကြပြီ…အားက်ကုန်ကြပြီသူတိုမမြင်နိုင်တဲ့လက်နက်တွေ စွမ်းအားတွေ စေတနာ တွေ..ဒို့နိုင်ငံမှာ…အများကြီးရှိတယ်…မြန်မာပြည်မှာ အများကြီးရှိတယ်ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်ရတနာသုံးပါးရှိနေတာ ကံကောင်းလွန်းတယ်…ပရဟိတမျိုးစုံရှိနေတာ ကံကောင်းလွန်းတယ်…ညီညီညွတ်ညွတ်ရှိနေတာ ကံကောင်းလွန်းတယ်ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိ…နိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြု…လိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *