ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် စည်ဖြိုးကတော့ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်းအနုပညာအလုပ်တွေဆက်တိုက် လုပ်ကိုင်နေပြီး မိသားစုနဲ့အတူ ထိုင်းနိုင်ငံမှာ မိသားစုပရိုဂရမ်လေးတစ်ခုကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
စည်ဖြိုးတို့ မိသားစုလေးကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို မကြာခဏလှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိတဲ့ မိသားစုလေးဖြစ်ပါတယ်။သူဆို့မိသားစုလေးကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ကြင်နာကြတဲ့အပြင် သဘောကောင်းဖော်ရွေကြလို့ ပရိသတ်တွေကချစ်ခင်အားကျနေရတဲ့ မိသားစုလေးဆိုလဲမမှားပါဘူးနော်။
အခုဆိုရင် စည်ဖြိုးတို့မိသားစုလေးက အပြန်အလှန် သနပ်ခါးလိမ်းပေးနေရင်း ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ စည်ဖြိုးက “အနည်းဆုံးတော့ အိမ်ထဲမှာ သနပ်ခါးလေးတွေလိမ်းပြီး.တစ်ဦးနဲ့တစ်ဦး ပွေ့ဖက် ရယ်မောနေနိုင်ပါသေးတယ် …နှစ်စကစပြီး နေ့တိုင်း နှစ်ဆန်းတစ်ရက်စိတ် မွေးနိုင်ကြလို့..နေ့တိုင်း ရက်ရာဇာတွေပိုင်နိုင်ပြီး အန္တရာယ်ပြေး..ကပ်ဘေးဝေးပါစေ…”ဆိုပြီး ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပဲဖြစ်ပါတယ်။