နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းကျော် ဘုန်းမင်းနေလကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ် မယ် ထင်ပါတယ်နော်.။ ဘုန်းမင်းကတော့ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားကြီးဖြစ်ပြီး (၂၀၁၈)ခုနှစ် ရုပ်ရှင် ထူးချွန်ဆု ရွှေကြိုရွေးပွဲမှ စတင်ကာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူပဲဖြစ်ပါတယ်..။ ဘုန်းမင်းက ကျောင်းတက်နေရပေမယ့် အားလပ်ရက်ကျောင်းပိတ်ရပ်မှာတော့ မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်နဲ့အတူ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ဘုန်းမင်းက သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပရိသတ်တွေအတွက် မျှဝေတင်ပေးလေ့ရှိသူပါ..။ ဒီနေ့ မတ်လ (၃၀)ရက်နေ့မှာတော့ ဘုန်းမင်းက “အဲ့တုန်းရအချိန်တွေသတိရတယ်..။ ပြီးတော့အန်တီဆင့်ကိုလည်းလွမ်းတယ်…”ဆိုပြီး (2018)ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲရဲ့ ရွှေကြိုမှာ ပါဝင်ဖြစ်ခဲ့ပုံ ပြောထားတဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ရွှေကြိုအဖြစ်နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်လေးတွေကိုလည်း သတိရနေသလို သူ့ကို ရွှေကြိုမောင်အဖြစ် ရွေးချယ်ပေးခဲ့တဲ့ မင်းသမီးကြီး မေသန်းနုကိုလည်း သတိရကာ လွမ်းမိတဲ့အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း ရွှေကြိုကနေ စကာ နာမည်ရလာတဲ့ တက်သစ်စ ကြယ်ပွင့်လေး ဘုန်းမင်းနေလကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်