သမီးလေးက ငယ်ငယ်ကတည်းက အနုပညာ ဝါသနာ ပါတယ်။ အဖေ တစ်ယောက် အနေနဲ့ အနုပညာ လမ်းကြောင်းပေါ် တင်ပေး ပေမယ့် ကိုယ့်နာမည် နဲ့ အောင်မြင်တာမျိုးတော့ မဖြစ်စေချင်ဘူး။ သူ့ အနုပညာနဲ့ သူ သွားစေချင်တယ်” ဆိုတဲ့ အဆိုတော် မနော၊
“ဖေဖေ ရဲ့ Drum တွေ ယူတီးရင်း ဂီတပိုင်းကို စိတ်ဝင်စားခဲ့တယ်။ ဖေဖေ က အနုပညာကို အလွယ်တကူ မလုပ်ဖို့၊ ရင်ဘတ် နဲ့ ခံစားပြီး လုပ်ဖို့ သင်ပေးထားပါတယ်” ဆိုတဲ့ သမီးလေး မေကြေးမုံ တို့ သားအဖ နှင့် ခဏတာ။