အနုပညာသက်တမ်း နှစ် ၃၀ ကျော်မှ စန်းထပွင့်တယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင် ဦးမျိုးကြည် ဒီနေ့မနက် ဖေ့ဘုတ်စာမျက်နှာပေါ်က လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ လူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်နဲ့ ဦးအရိုင်းမင်းတို့ရဲ့ပုံတွေကို လူတော်တော်များများ ကြိုက်နှစ်သက်ပြီး မျှဝေမှုတွေ များပြားနေခဲ့ပါတယ်
အဲ့ပုံတွေနဲ့ပက်သက်ပြီး လူကြမ်းသရုပ်ဆောင် ဦးမျိုးကြည်ကို အင်တာဗျူးတံ့အခါမှာတော့ သူ့ဘက်ကလည်း အရမ်းဝမ်းသာပြီး ကျေနပ်ပီတိဖြစ်နေရတဲ့အကြောင်းကို ခုလို ဖြေကြားထားပါတယ်
“ကျနော့် ကို Metro Brothers က ခေါ်ရိုက်ထားတဲ့ ဓါတ်ပုံတွေက မထင်မှတ်ဘဲ Online မှာ အရမ်း ပေါက် သွားတယ်။ အနုပညာ သက်တမ်း (၃၀) ကျော်မှ စန်း ထပွင့်တာပါ။ ကိုယ့်ကို ချစ်ကြတဲ့ သူတွေ များမှန်း သိရတော့ ဝမ်းသာ ပီတိဖြစ်ရတယ်။ လူကြမ်းတွေ ကို ထိုးကြိတ်တာလောက်ပဲ ရတယ်လို့ ထင်နေကြတဲ့ အပေါ် အမြင်တစ်ခု ထပ်ဆန်းသွားပြီ” ဆိုတဲ့ သရုပ်ဆောင် မျိုးကြည် နှင့် ခဏတာ