အပိုလိုမရှိ သဘာဝကျတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ ခြူးလေး

Posted on

MRTV-4 ဇာတ်လမ်းတွဲလေးတွေထဲက နေ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ တက်သစ်စ အနုပညာရှင်တွေ အများအပြားရှိပါတယ် ။ ခြူးလေးကတော့ ” ပဉ္စလတ်ရွာ ” ဇာတ်လမ်းတွဲက စိမ်းဝါ ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာလည်း အဓိကမင်းသမီးနေရာက ပါဝင်ရိုက်ကူးလာတာကို တွေ့ရပါတယ် ။ အဓိက ပရိသတ်တွေသူမကိုချစ်ခင် တဲ့ အချက်ကတော့ ချစ်စရာကောင်းတဲ့ tik tok လေးတွေ ကြောင့်ပဲ ဖြစ်ပါတယ် ။

ခြူးလေးကတော့ ဗီလိန်ကာရိုက်တာပဲဖြစ်ဖြစ် ခေါင်းဆောင်မင်းသမီး ကာရိုက်တာပဲဖြစ်ဖြစ် ဘယ်လို ဇာတ်ရုပ်မျိုးကိုမဆို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ တက်သစ်စ မင်းသမီးလေးတစ်လက်ပါ ။ Tik Tok လေးတွေကြည့်ပြီး ပရိသတ်က ချစ်ရသလို သူမရဲ့ ဗီလိန်ကာရိုက်တာတွေနဲ့လည်း ပရိသတ်တွေမုန်းလောက်တဲ့ထိ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်လို့တောင်ဆိုရမှာပါ ။

လတ်တလောမှာတော့ ခြူးလေးတစ်ယောက် အပို အလို မရှိ သဘာဝ ကျချင်တယ် ….. “ အေး ” ပီသချင် ဒါပါပဲ . ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ သနပ်ခါးအဖွေးသားနဲ့ ရိုးသားတဲ့ တောသူမလေးတစ်ယောက်ရဲ့ သွင်ပြင်လေးတွေနဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။အမြဲတမ်းအပိုလိုမရှိ သရုပ်ဆောင်နိုင်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ခြူးလေးကတော့ နောက်ထပ် အေး ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့အသည်းကို ခြွေပြန်ဦးမယ်ထင်ပါတယ် ပရိသတ်ကြီးရေ ..။ ခြူးလေးကိုချစ်တဲ့ ပရိသတ်ကြီးရေ အေး ဆိုတဲ့ကောင်မလေးကို မြင်ချင်နေကြပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Leave a Reply

Your email address will not be published. Required fields are marked *