သူမဟာဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသားနဲ့ နေတတ်တဲ့သူလေးလည်း ဖြစ်တဲ့အပြင် အလှူအတန်းဆိုလည်း လက်မနှေးပဲရက်ရက်ရော ရော လှူ တတ်တဲ့သူလေးဆိုလည်း မမှားပါဘူးနော်။
ဖြူဖြူထွေးလေးဟာအနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပြီး ကြော်ငြာတွေ ဆိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ သူမရိုက်တဲ့ကြော်ငြာတွေဟာ ဆို ရင်လည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေနဲ့အတူ အ သေ အချာလေးရိုက်ကူးတာကိုလည်းတွေ့ရပါတယ်။
ဖြူဖြူထွေးလေးဟာ အခုလက်ရှိမှာဆိုရင် အ ထင်မြင်လွဲမှားမှုပြသနာအချို့နဲ့ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။စိတ်သဘောထားဖြူစင်တဲ့ ဖြူဖြူထွေးလေးကို ပရိသတ်တွေကတော့ အချစ်မလျော့ပဲဆက် လက် အားပေးနေကြတာလည်းဖြစ်ပါတယ်။
မကြာသေးမီကလည်း ဖြူဖြူထွေးဟာ သူမရဲ့ Face book စာမျက်နှာမှာ “အပြစ်မမြင်တတ်တဲ့ ကလေးတစ်ယောက်ရဲ့နှလုံးသားက အမြဲအေး ချမ်း နေတာ” ဆိုတဲ့ captionလေးနဲ့ သူမရဲ့ချစ်စဖွယ်ပုံလေးတွေကို တင်ပေးလာပါတယ်။