အဖိုးတန်လက်ဝတ်ရတနာတွေကို တစ်မျိုးပြီးတစ်မျိုးဆင်မြန်းထားပြီး အားလုံးငေးအောင်လှနေတဲ့သဇင်ထူးမြင့်

Posted on

အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ မင်းသမီးချောလေး သဇင်ထူးမြင့်ကတော့ ဝါရင့်သရုပ်ဆောင်ခင်လှိုင်ရဲ့ချစ်သမီးလေးပဲ ဖြစ်ပါတယ်။ အကယ်ဒမီရွှေကြိုအဖြစ် လူသိများလာခဲ့တဲ့ သဇင်ထူးမြင့်က ဖေဖေ့ရဲ့အနုပညာအမွေတွေကို ဆက်ခံနေသူလေး ဖြစ်ပါတယ်။ သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ စတင်ရိုက်ကူးခဲ့ပြီး နောက်ပိုင်းမှာတော့ ဇာတ်လမ်းတွဲတစ်ခုမှာပါ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကြည်လင်ဝင်းပတဲ့အသားအရေလေးနဲ့ မျက်နှာလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းတဲ့ သဇင်ထူးမြင့်က ယောက်ျားလေးပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးတစ်ယောက်ပါ။

တစ်နေ့ထက်တစ်နေ့ အရွယ်ရောက်လာတာနဲ့အမျှ အလှတွေပိုတိုးလာတဲ့ သဇင်ထူးမြင့်က အခုလည်း အားလုံးငေးရလောက်အောင် လှသွေးကြွယ်နေတာ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က အနီရောင်ဖက်ရှင်လေးကိုဝတ်ဆင်ထားပြီး အဖိုးတန်ရတနာတွေကို ဆင်မြန်းထားတာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့အလှပုံလေးတွေကိုတော့ သဇင်ထူးမြင့်က “Sein Nan Dawရဲ့2020 new collectionsလေးတွေနဲ့ သဲကြော်ငြာလေးရိုက်ကူးထားပါတယ်ဖေဖေ့ကိုပူဆာဖို့ ကြိုက်တာတွေ အများကြီးတွေ့ခဲ့တယ်…လူငယ်ဆန်ပြီး တကယ့်ကိုပြီးပြည့်စုံတဲ့ ဒီဇိုင်းလေးတွေ …အရမ်းကြိုက်နေပြီ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်လှိုင့်သမီးချောလေး သဇင်ထူးမြင့်ရဲ့အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *