“အမိုက်စားအကြည့်တွေနဲ့အတူ တော်ကီအလန်းလေးနဲ့ ချစ်သူကို စနောက်လိုက်တဲ့ ဇေရဲထက်”

Posted on

မြန်မာနိုင်ငံရဲ့နာမည်​ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ​ဇေရဲထက်ကို​တော့ ပရိသတ်​တွေနဲ့တရင်းတနှီးမိတ်ဆက်​ပေးဖို့မလို​လောက်ပါဘူး​။ ​ဇေရဲထက်က​တော့ သရုပ်​ဆောင်မှုပိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်​ဆောင်နိုင်တဲ့ မင်းသား​ချော​လေးတစ်လက်ဆိုလည်း မမှားလောက်ပါဘူး​နော်။ သူဟာဆိုရင် ရုပ်ရည်က​လည်း​ချော​မော​တာ​ကြောင့် နှုတ်ခမ်းနီမ​လေး​တွေရဲ့အသည်း​ကျော်တစ်ဦးထဲမှာလည်းပါဝင်တဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဇေရဲထက်က​တော့ အနုပညာအလုပ်​တွေ​ခေတ္တရပ်နားထားပြီး အိမ်မှာအနားယူ​နေစဉ် အမှတ်တရပုံ​ရိပ်​လေး​တွေနဲ့ သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့စားစရာပုံရိပ်​လေး​တွေကို တင်​ပေး​လေ့ရှိပါတယ်။

ဧပြီ(၂)ရက်​နေ့မှာ​တော့​ ​ဇေရဲထက်က”အကြည့်တချက်နဲ့မင်းကိုရူးစေခဲ့တာလားဒါဆိုငါ့မျက်လုံးကိုမင်းကြောင့် စူပါဂလူးနဲ့ပိတ်ပေးပါ့မယ် မင်းရူးမှာကြောက်လို့ အယ်လဲ့”ဆိုကာ သူရဲ့​ချော​မောလှပတဲ့ပုံရိပ်​လေး​တွေကို လူမှုကွန်ယက်စာမျက်နှာ​ပေါ်​မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူရဲ့စူးရှတဲ့အကြည့်​တွေကိုကြည့်ပြီး တစုံ​တစ်​ယောက်ရူးသွား​စေမယ့်​အ​ကြောင်းကိုတင်​ပေးလိုက်တာပါပဲ​နော်။

Leave a Reply

Your email address will not be published. Required fields are marked *