အမျိုးသမီးများက၎င်းတို့နဲ့အတူအိပ်ဖို့ လိုလားတဲ့ဘောလုံးသမားတွေထဲမှာအသက် ၄၄ နှစ်အရွယ် ရှိ အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်းက ဦးဆောင်လျက်ရှိနေကြောင်းသိရပါတယ်။
Ticketgum.comက ကောက်ယူတဲ့ စစ်တမ်းမှာ သားသမီးလေးဦးရှိတဲ့ ဘက်ဟမ်းဟာ စီရော် နယ်ဒို ၊ ဂျရူးတို့ကိုကျော်ဖြတ်ပြီး အမျိုးသမီးများက အတူအိပ်လိုတဲ့ ဘောလုံးသမားတွေ စာရင်းမှာ ဦးဆောင်နေတဖြစ်ပါတယ်။
Ticketgum.comဟာအမျိုးသမီးပေါင်း ၁၃၂၄ ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဘက်ဟမ်း နဲ့အတူ အိပ်လိုကြောင်း ဆန္ဒမဲပေးတဲ့အမျိုးသမီးအရေအတွက် ၂၁ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူး နဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ဟာ အမျိုးသမီး များကအတူအိပ်လိုတဲ့ ဘောလုံးသမားများရဲ့ ထိပ်ဆုံးသုံးဦးစာရင်းထဲမှာ မပါဝင် ခဲ့ဘဲ ဂျရူးက ဆန္ဒမဲ ၇ ဒသမ ၅ ရာခိုင်နှုန်း၊ စီရော်နယ်ဒို က ဆန္ဒမဲ ၆ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ၁၀ ဦးစာရင်းထဲမှာ သာရှိနေခဲ့ပါတယ်။ စပါးအသင်းကစားသမား ပေါ်လို ဂက်ဇာနီဂါ နဲ့ ချဲလ်ဆီးကစားသမားလိုတက်ချီတို့ ဟာ အမျိုးသမီးများအတူအိပ်လိုတဲ့ ဘောလုံးသမားများရဲ့ထိပ်ဆုံးသုံးဦးထဲမှာပါဝင်နေပါတယ်။လိုတက်ချီဟာ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဒဏ်ရာကြောင့် အနားယူရချိန်မှာအသင်းအတွက်မပါဝင်နိုင်ခဲ့ဘဲ ဖက်ရှင်မော်ဒယ်အဖြစ် သွားရောက်လုပ်ကိုင်တာမျိုးတွေရှိခဲ့ပါတယ်။လိုတက်ချီ ဟာ ဆန္ဒမဲ ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီးများအတူအိပ်လိုတဲ့ ဘောလုံးသမား စာရင်းမှာ အဆင့် ၃နေရာမှာရှိနေပါတယ်။အဲဗာတန် ကစားသမား အန်ဒရီဂိုမက်ဇ် က ဆန္ဒမဲ ၁၁ ဒသမ ၂၅ ရာခိုင်နှုန်း နဲ့အဆင့် လေးနေရာ၊ ရီးရဲမက်ဒရစ် ကစားသမား မာကို အာဆန်စီယိုက အဆင့် ငါးနေရာ တို့မှာ ရပ်တည်နေခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း အဓိက တိုက်စစ်မှူးမက်ဆီ နဲ့ ရီးရဲမက်ဒရစ် အသင်းခေါင်း ဆောင် ရာမိုစ့်တို့ဟာလည်း အမျိုးသမီးအတူအိပ်လိုတဲ့ ဘောလုံးသမား စာရင်း ထိပ်ဆုံး ၁၀ နေရာအတွင်းရှိနေခဲ့တယ်လို့ သိရပါတယ်။