အမျိုးသမီးတွေကို လစဉ်သုံးပစ္စည်းတွေ အခမဲ့သုံးစွဲခွင့်ပြုတော့မယ့် စကော့တလန်

Posted on

Plan International UK ရဲ့ လေ့လာချက်တစ်ခုအရ ယူကေက (၁၅) ရာခိုင်နှုန်းသောအမျိုးသမီးတွေဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဝယ်ဖို့ မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အသက် (၁၄-၂၁) အတွင်းမှာရှိတဲ့ ယူကေအမျိုးသမီးတွေဟာ လစဉ်ဓမ္မတာလာတဲ့အခါ ရှက်ရွံ့ကြောင်း အဆိုပါလေ့လာချက်ကဆိုပါတယ်။


ဒါကြောင့် စကော့တလန်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့အမျိုးသမီးတွေအတွက် ဓမ္မတာလာစဉ်အသုံးပြုရတဲ့ကျန်းမာရေးထောက်ကူပစ္စည်းတွေကို အခမဲ့ပေးဝေသွားတော့မှာဖြစ်တယ်လို့ boredpanda အရ သိရပါတယ်။ လက်ရှိမှာ ဒါကိုဥပဒေမူကြမ်းတင်ထားတုန်းပဲ ရှိပါသေးတယ်။ ဒီဥပဒေမူကြမ်းကို မိုနီကာလန်နွန်ဆိုသူက မိတ်ဆက်ထားတာဖြစ်ပြီး ပထမဆုံးဥပဒေမူကြမ်းအဆင့်တော့ အောင်မြင်သွားပါပြီ။

ဒီဥပဒေမူကြမ်းသာ အတည်ဖြစ်လာရင် အစိုးရအနေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုလုံလုံလောက်လောက်ရှိစေဖို့ အားထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကြောင့် စကော့တလန်ဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အခကြေးငွေမပေးရပဲ အလကားအသုံးပြုခွင့်ရမယ့် ကမ္ဘာ့ပထမဦးဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ပျမ်းမျှဆိုရရင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေရဲ့တန်ဖိုးက တစ်လကို ဒေါ်လာ (၁၀) လောက်ရှိပါတယ်။ ဒါကြောင့် ၀င်ငွေနည်းတဲ့သူတွေကတော့ ဒီပစ္စည်းတွေ ၀ယ်မသုံးနိုင်ကြပါဘူး။ “ဒါတွေက ဇိမ်ခံပစ္စည်းတွေမဟုတ်ဘူး။ မသုံးမဖြစ်လိုတဲ့ပစ္စည်းတွေပါ။ စကော့တလန်မှာရှိတဲ့ အမျိုးသမီးတိုင်းက ဒီလိုလစဉ်မသုံးမဖြစ်သုံးရမယ့်ပစ္စည်းတောင် မ၀ယ်နိုင်တာမျိုး မရှိသင့်တော့ဘူး…” လို့ မိုနီကာက ဆိုခဲ့တာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ (၂) နှစ်တုန်းကတည်းက စကော့တလန်ဟာ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေမှာ ကျောင်းသူတွေအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အခမဲ့ပေးနေတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တာပါ။ အစိုးရကိုယ်တိုင်က ရန်ပုံငွေပေါင် (၅.၂) သန်းထောက်ပံ့ပေးထားပါတယ်။ အချို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်တွေဟာလည်း အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလှူဒါန်းဖို့ အစိုးရနဲ့ပူးပေါင်းခဲ့ကြတယ်လို့လည်း သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *