Channel-7 ရဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး လူစိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့ “The Money Drop Myanmar” အစီအစဉ်ကတော့ လူတွေရဲ့ဗဟုသုတ ကြွယ်ဝမှုကို စမ်းသပ်တဲ့အစီအစဉ်ဖြစ်လို ကြည့်ရှူသူပရိသတ်တွေကို ဗဟုသုတကြွယ်ဝစေပါတယ်။ “The Money Drop Myanmar” အစီအစဉ်က ပရိသတ်အချစ်တော် အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်က စီစဉ်တင်ဆက်နေတာလည်းဖြစ်ပါတယ်။
တော်ရုံဗဟုသုတကြွယ်ဝသူတွေတောင်အနိုင်ရရှိမလွယ်ကူတဲ့ “The Money Drop Myanmar” အစီအစဉ်ကိုတော့ ယနေ့ညမှာ အမြင်အာရုံချို့တဲ့နေတဲ့ ကောင်းမြတ်ကျော်ဟာ အဒေါ်ဖြစ်သူနဲ့ လာရောက်ယှဉ်ပြိုင်ကာ သိန်း(၂၀)တိတိကို အနိုင်ရရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်ကတော့ ကောင်းမြတ်ကျော်ကို လေးစားလွန်တဲ့အကြောင်းကို “လာပြိုင်တဲ့ မင်းသားမင်းသမီးတွေနဲ့တောင် အစီအစဉ် ရိုက်နေတုန်း selfie မရိုက်ဖူးပါ။အမြင်အာရုံချို့တဲ့ပေမယ့် The Moneydrop Myanmar မှာ သိန်း၂၀ရရှိတာ လေးစားလွန်းလို့ပါဗျာ။” ဆိုပြီး သူ့ရဲက လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ ယနေ့ညထုတ်လွှင့်ပြသခဲ့တဲ့ “The Money Drop Myanmar” အစီအစဉ်မှာတော့ ကောင်းမြတ်ကျော်ဟာ အမြင်အာရုံချို့တဲ့နေတာဖြစ်ပြီး သူကဘဲ မေးခွန်ရွေး/ဖြေအကုန်လုပ်ပြီး အဒေါ်ဖြစ်သူက ဘေးကနေကူညီယှဉ်ပြိုင်ခဲ့ကာ သိန်း(၂၀)တိတိကိုအနိုင်ရခဲ့တာနော်။