“အရာအားလုံးပေးပြီးရွှေမှုံဆီက ပြန်လိုချင်တဲ့ တစ်ခုတည်းသောအရာကို ရိုမန့်တစ်ဆန်ဆန်ပြန်တောင်းလိုက်တဲ့ ရွှေထူး”

Posted on

ချစ်စရာကောင်းတဲ့ မင်းသမီးရွှေမှုံနဲ့ ခန့်ချောတဲ့ ရွှေထူးတို့အတွဲလေးဟာ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်တဲ့ အတွဲလေးတစ်တွဲပဲဖြစ်ပါတယ်..။ပရိသတ်တွေလေးစားအားကျနေရတဲ့ စုံတွဲတွေမှာတစ်တွဲအပါအဝင်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးလို့ဆိုရမှာပါ။သူတို့ နှစ်ယောက်စလုံးဟာအောင်မြင်မှုတွေများစွာနဲ့အနုပညာလမ်းကိုလျှောက်လှမ်းနေတဲ့သူတွေပဲဖြစ်ပါတယ်။


ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှာ ကျင်းပခဲ့တဲ့ Myanmar Top 100 by JQOX ရဲ့ ပွဲကြီးမှာ ရွှေထူးကတော့ တစ်နှစ်တာလုံး လူကြိုက်အများဆုံး အနုပညာရှင်အနေနဲ့ ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆုကို ရရှိခဲ့တဲ့နောက် ပျော်ရွှင်နေတဲ့ မိန်းမဖြစ်သူရဲ့ ပုံလေးကိုသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ရွှေမှုံရဲ့ပုံလေးနဲ့အတူ “Brand တွေလည်း ပေးမယ်…ပိုက်ဆံတွေလည်း ပေးမယ်…ထူးချွန်ဆုတွေလည်းပေးမယ်..ဘဝကြီးလည်း ပေးတယ်… ပြန်လိုချင်တာတော့ မင်းဆီက အချစ်တစ်ခုတည်းပါ” ဆိုပြီးရိုမန့်တစ်ဆန်ဆန်ပြန်တောင်းထားတာပဲဖြစ်ပါတယ်။

ရွှေမှုံကတော့ပိုစ့်လေးရဲ့ အောက်မှာ “ကျွန်မကလည်း အချစ်တွေ ပြန်ပေးမှာပါနော်.. အရမ်းပြောတတ်သော ကလေးငယ်..” ဆိုပြီး ရွှေမှုံလေးက ပြန်မှတ်ချက်လေးတွေပေးကာ ရိုနေကြတာပါ ပရိသတ်ကြီးရေ..။ပရိသတ်ကြီးလည်း ရွှေထူးအတွက် ဂုဏ်ပြုစကားလေးပြောပေးသွားပါဦးနော်..။

Leave a Reply

Your email address will not be published. Required fields are marked *