အရိပ်ဇာတ်လမ်းတွဲထဲက စက်မှုတက္ကသိုလ်ကျောင်းသူလေးအဖြစ် ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေတင်လိုက်တဲ့ မေမြင့်မိုရ်

Posted on

မင်းသမီးချောလေးမေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတွဲတွေကို ဆက်လက်ရိုက်ကူးနေရတဲ့ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်နေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတာပဲဖြစ်ပါတယ်။

အေးချမ်းလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ ချစ်ခင်ခဲ့ရတဲ့ သူမကတော့ မြန်မာဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ွအေတွက် လူမှုကွန်ယက်ထက် တင်ပေးလေ့ရှိပါတယ်။သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ အရိပ်ဇာတ်လမ်းတွဲကို MRTV 4မှာပြသလျက်ရှိနေပြီး သူမကတော့ အဆိုပါဇာတ်လမ်းတွဲရိုက်ကူးခဲ့တုန်းက အမှတ်တရဖြစ်စေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။

သူမကတော့ ယခုမှာ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ စက်မှုတက္ကသိုလ် ကျောင်းသူလေးအဖြစ် ရိုက်ကူးခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။ မေမြင့်မိုရ်ကတော့ “စက်မှု့တက္ကသိုလ် ကျောင်းသူလေးဖြစ်ခဲ့စဉ်အမှတ်တရပေါ့ “ဆိုပြီးချစ်စရာပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *