အရွယ်နဲ့မလိုက်အောင် စကေးကြမ်းနဲ့ စကိတ်ဘုတ်စီးသွားတဲ့ (၃) နှစ်ကလေး

Posted on

အသက် (၃) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အရွယ်နဲ့မလိုက်အောင် တော်လွန်းတဲ့ စကိတ်စီးစွမ်းရည်ကြောင့် အွန်လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်နေပါတယ်။ Dailymail အရ အဆိုပါကောင်လေးဟာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းနေ ရီတာအီရှီဇူကာလို့ သိရပါတယ်။ ရီတာလေးဟာ လူမှန်းသိစကတည်းက စကိတ်နဲ့ပျော်မွေ့နေတဲ့ ကောင်လေးပါ။

ရီတာဟာ ကျောင်းတောင် မတက်ရသေးမယ့် သူ့စကိတ်စီးစွမ်းရည်က လူကြီးတစ်ယောက်နီးနီး ကျွမ်းကျင်နေတာ ဖြစ်ပါတယ်။ ရီတာမှာ follower သိန်းချီရှိတဲ့ အင်စတာရမ်အကောင့်လည်း ရှိပါတယ်။ အောက်ဘက်မှာတော့ ချစ်စရာကောင်းလှတဲ့ စကိတ်စီးမာစတာလေး ရှီတာရဲ့ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒါကတော့ ရီတာ စကိတ်စီးကျင့်နေပုံပါ။

ဗီဒီယိုထဲမှာတော့ ရီတာက ပလတ်ဖောင်းလေးအတိုင်း ဆင်းချလာပြီး စကိတ်ဘုတ်ပြားပေါ်ကို သပ်သပ်ရပ်ရပ်လေး ရောက်သွားခဲ့ပါတယ်။ ရှေ့ကို သုံးလှမ်းလောက် လှမ်းပြီး သူ့ရဲ့စကိတ်စီးစွမ်းရည်ကို အစပျိုးပြသခဲ့ပါတယ်။ သူ့ရှေ့မှာ အတားအဆီးတွေရှိပေမယ့်လည်း ရီတာလေးက ဂရုမစိုက်ပါဘူး။ စကိတ်ကို ဟန်ချက်မပျက်အောင် ထိန်းထားပြီး ပရိုဖက်ရှင်တစ်ယောက်လို သက်တောင့်သက်သာပဲ အတားအဆီးကို ကျော်ပြသွားခဲ့တာပါ။

ဗီဒီယိုထဲမှာတော့ သူက တခစ်ခစ်ရယ်ပြီး ကင်မရာရှေ့မှာ မပြုံးပြခင် လက်ထောင်သွားခဲ့ပါသေးတယ်။ ရီတာဟာ စကိတ်နဲ့အကျွမ်းတ၀င်ရှိလှတဲ့ မိသားစုက ဖြစ်ပါတယ်။ သူ့အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ယူတာနဲ့ တူကူယာတို့ဟာဆိုရင် စကိတ်စီးအရမ်းတော်တဲ့ လူငယ်လေးတွေဖြစ်သလို နှစ်ယောက်တွဲပြီးတော့လည်း မကြာခဏလေ့ကျင့်လေ့ ရှိပါတယ်။ရီတာတို့မိသားစုကို မကြာသေးခင်ကမှ Luis Mora ရဲ့ YouTube channel ထဲမှာ တွေ့ရပါတယ်။ အဲ့ဒီမှာတော့ သူတို့မိသားစုရဲ့ စကိတ်စီးစွမ်းရည်နဲ့ သူတို့ဘ၀အကြောင်းကို တင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်။ Channel က ဗီဒီယိုတွေထဲမှာတော့ ရီတာလေးကို လမ်းလျှောက်တတ်ကာစအရွယ်လေးထဲက စကိတ်နဲ့ရင်းနှီးနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *