အလုပ်ရှာမရလို့ နယ်ပြန်ပြီး အပင်စိုက်စားရာကနေ အောင်မြင်လာတဲ့ မိန်းကလေး

Posted on

ဘ၀မှာအသက်ရှင်သန်နေထိုင်ရင်းနဲ့ ဘာလုပ်လုပ် အဆင်မ ပြေပဲ ချောင် ပိတ် ရိုက်ခံရတဲ့ အ ခြေအ နေမျိုးနဲ့ လူ တိုင်း ကြုံ ဖူးကြမှာပါ။တစ်ခါ တလေ ကျ တော့လည်း ဒီလို ချောင်ပိတ် ခံရတာမျိုးက ကိုယ်နဲ့ လိုက်ဖက်တဲ့ နောက်ထပ် လမ်းကြောင်းတစ်ခု ပေါ်ကို တွန်းတင်ပေးနိုင်ဖို့ အတွက်လ ည်း ဖြစ် ချင်ဖြစ်နေ နိုင်တယ်ဆိုတာ ကိုတော့ မ လေးရှား က မိန်းကလေး တစ်ယောက်ရဲ့ ဖြစ်ရပ်က သက်သေ ပြ နေပါတယ်။သူမရဲ့ နာမည်က တော့ Nuraishah Sham sudin ဖြစ်ပြီး အသက်က တော့ (၂၇)နှစ်ပါ။

Nuraishah Shamsudin ကတော့ UITM  ကနေ မှ အနုပညာဆိုင်ရာမှာ မာစတာ ဘွဲ့ ရထားတဲ့ မိန်းကလေးပါ။ သူမရဲ့ ပညာအရည်အချင်းနဲ့ လက်ရှိ သူ မ အသက်မွေးနေ့ တဲ့ အလုပ်နဲ့ ကတော့  အမှန် အတိုင်း ပြောရရင် တော့  သိပ် တော့ မဆိုင်ပါဘူး။သူမကိုယ်တိုင်လည်း ကိုယ်သင်ယူထားတဲ့ ပညာနဲ့ လိုက်တဲ့ အလုပ်ကို ရဖို့ ကြိုးစား ခဲ့ ပေမယ့်  မအောင်မြင်ခဲ့တာပါ။အစပိုင်းမှာတော့ freelancer designer  လုပ်ခဲ့ပါတယ်။မာစတာ ပရိုဂရမ် ပြီးတဲ့ အချိန် မှာတော့ အလုပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။အလုပ်ရှာဖို့ ကြိုးစားနေရင်းနဲ့ မှ ဒီအတိုင်းကြီး မနေ ချင်တဲ့ အတွက် သူမရဲ့ မွေးရပ်မြေ   မလေးရှားနိုင်ငံ Perak ပြည်နယ် ၊Hilir Perak  ကို ပြန် လာခဲ့တာပါ။

နယ်ပြန်လာတဲ့ အချိန်မှာ အားလည်း မနေ ချင်တဲ့ အတွက် အပင်လေးတွေ စိုက်စားခဲ့ပါတယ်။အစပိုင်းမှာတော့ ၀ါသ နာ အရ စိုက်ခဲ့တာပါ။အသီးအနှံ လေးတွေ၊ဟင်းသီးဟင်းရွက် လေးတွေ ကို စိုက် ခဲ့တာပါ။မြေ လည်း အသင့် ဖြစ် နေတာ ကြောင့် သူမမှာရှိတဲ့ မြေ အရင်းအမြစ် တွေကို အလကား မဖြစ် ရ အောင် စိုက်ပျိုးခဲ့တာပါ။အလုပ် လျှောက် ထားတဲ့ ကုမ္ပဏီ တွေ က အကြောင်းပြန်လာမယ့် အချိန်ကို စောင့်ရတာ အချိန်သာ ကြာ လာ ပေမယ့် ဘာမှ ဖြစ် မလာ တဲ့ အတွက် ကြာလာတော့ တ်ပျက် အားငယ်မှု တွေ ကို ခံစား ခဲ့ရ တယ်လို့ Nuraishah Shamsudin က ပြော ခဲ့ပါတယ်။” အလုပ် လျှောက် ထားတာတွေ က အဆင် မပြေ တော့ ကျ မလည်း စိတ်ပျက်လာ တယ်။ဒါပေမယ့် တစ်ချိန် တည်းမှာပဲ ဘုရားက ကျ မ ကို ဥယျာဉ် ခြံ မြေ စိုက်ပျိုးနိုင်ဖို့ အခွင့် အရေး ပေးခဲ့တယ်လေ။

နောက်ပိုင်းမှာတော့ Nuraishah တစ်ယောက် အဖိုးနဲ့ အတူ လယ်ကွင်းတွေ ကိုလည်း လိုက် သွားခဲ့ပါတယ်။ မိဘ တွေ ကလည်း မွေးမြူရေး၊စိုက်ပျိုးရေးနဲ့ မစိမ်းတဲ့ သူ တွေ မို့ သူမ အတွက် ဒီ အလုပ် တွေ က အလွယ် လေး နဲ့ အသားကျ သွားခဲ့ပါတယ်။Nuraishah က တော့ အခုချိန်မှာ သူမရဲ့ ကိုယ်ပိုင် စိုက်ခင်းလေး တွေနဲ့ ပျော် နေပါပြီ။ အရမ်းချမ်းသာတဲ့ အဆင့်မျိုးထိ တော့ မရောက် သေးပေမယ့် လည်း သူမဟာ အခုချိန် မှာ အ ကြွေး ကင်းကင်း နဲ့ ပျော်ပျော် နေနိုင် နေပါပြီလို့ ပြောခဲ့ပါတယ်။စိုက်ခင်းလေးတွေ ကြားမှာ ပျော် နေရင်းနဲ့ မြို့ ပြ မှာ နေခဲ့တုန်းက သူမ ခံစားခဲ့ရတဲ့ ဟော်မုန်းမညီမျှ တဲ့ေ ရာဂါ ပါ သာက်သာ ပျောက်ကင်းသွားခဲ့ပါတယ်။မြို့ပြ ကို စွန့် ခွာ ခဲ့ ရပေမယ့် မြို့ ပြ Life ကို မလွမ်း ကြောင်းနဲ့ လက်ရှိ ဘ၀ လေးကို ကျေနပ် ပျော်နေပါပြီလို့ Nuraishah Shamsudin  က ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *