အလုပ်သမား ၃၀ ကျော်လုံးကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေတဲ့ အလုပ်ရှင်

Posted on

အလုပ်သမား ၃၀ ကျော်လုံးကို တစ်ယောက် ဆယ်သိန်းစီ ပေးဝေတဲ့ အလုပ်ရှင် ဒီနေ့ တပည့်တွေကိုမုန့်ဖိုး တယောက် ၁၀ သိန်းပေးလိုက်ပါပီ အားလုံးအတွက် စုစုပေါင်း သိန်း ၃၀၀ ဝန်းကျင်ပါ ကိုယ်လည်းအဆင်ပြေလို့ ချမ်းသာလို့တော့မဟုက်ပါဘူး။

ဒါပေမယ့် သူတို့အတွက်တော့ လိုအပ်တာတွေအတွက်ထောက်ပန့်မူ့တခု ဖြစ်ကြပါစေ ဘာပဲပြောပြော ဒီလိုပေးရတဲ့ဘဝကို ကျေနပ်ပါတယ်။ ယူသောလက်မဖြစ်ချင် ပေးသောလက်ပဲ ဖြစ်ပါရစေပေါ့။

လွန်ခဲ့တဲ့ ၁၂ နှစ်က ကိုယ်ကတလမှ ၁၂၀၀၀၀ ပဲရခဲ့တဲ့ဝန်ထမ်းတယောက် ကနေ ဒီလိုနေရာလေးတခုဖြစ်လာဖို့တပည့်တွေက ကိုယ့်ရဲ့ရဲဖော်ရဲဘက်တွေပါပဲ.ဝန်ထမ်းဘဝနေ လုပ်ငန်းရှင်ဖြစ်လာတဲ့အတွက်ဝန်ထမ်းဘဝရဲ့အခက်ကိုလဲသိတယ် လုပ်ငန်းရှင်တယောက်ရဲ့ အခက်အခဲတွေကိုလဲ သိပါတယ်။

ဒီနှစ်ခုကြားဘဝထဲမှာ အဆင်ပြေပြေနေနိုင်ဖို့အတွက် အမြဲကြိုးစားနေတယ် နောင်နှစ်တွေမှာလဲ အမြဲပေးနိုင်ဖို့အတွက် ကြိုးစားနေပါတယ် ဘယ်အရာမှတော့ ကြိုပြောလို့မရတဲ့အတွက်မဆုက်မနစ်သော ဇွဲ လုံ့ လ ဝီရိယ ကြိုးစားကြပါစို့။

အားလုံးပျော်ရွှင်ပါ ကြပါစေ တပည့်တို့   ဝန်ထမ်း ၃၀ ကျော်ရဲ့နောက်ကမှီခိုနေတဲ့ မိသားစု ၃၀ ကျော်လည်း ပျော်ရွှင်ကြပါစေ ။

Leave a Reply

Your email address will not be published. Required fields are marked *