9.8.2020 အလုပ်သွားဖို့အိမ်ကအထွက် taxi တစီးတားလိုက်မိတယ်အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ဖုန်းလေးကြားကြားချင်းတကယ်ကို စိတ်ထဲမကောင်းသွားတာပါ ခနနေတော့ နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်အိမ်ရှင်က အိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်း တကယ်စိတ်ထဲကိုဆို့သွားတာ အာ့တာနဲ့မနေနိုင်မထိုင်နိုင် အဘအကြောင်းလေးမေးကျိတော့။
့မနက်ဘဲ အဘဇနီးက ဆေးရုံတင်ထားရကြောင်း ဆေးရုံစရိတ်ကမကုန်ပေမဲ့ အပြင်ကဝယ်ရမဲ့ဆေးက ဈေးကြီးနေတော့ ဆင်းရဲကြောင်းရပ်ကွက်ကထောက်ခံစာယူလာပြရင်ဆေးဖိုးတဝက်ကိုဆေးရုံမှ စိုက်ပေးမည်ဖစ်ကြောင်း၊ ကျန်တဲ့လေးသောင်းကို taxi ဆွဲရင်းဒီနေ့အတွင်းရအောင်ရှာရမည်ဖစ်ကြောင်း၊ကျနော်လဲ ဒီ့ထက်ပိုစပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတေမရှိဘူးလားလို့မေးလိုက်တော့အဘမှာမျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တေမောင်းတော့။
ငွေရေးကြေးရေးအဆင်ပြေသေးတော့ ရှိတာလေးတေ ထုခွဲရောင်းပီး သား၃ယောက်ကို နိုင်ငံခြားပို့ပေးခဲ့တာတဲ့ သူတို့ဆီက ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အခုတော့ ပို့လိုက်တဲ့နေ့ကစပီး ငွေရော လူရော ဘာအသံမှမကြားရတော့တာတဲ့ တကယ်စိတ်မကောင်းဘူး အာ့လို သားသမီးတေရှိတာ ။လမ်းမှာ အာ့လို အဖိုးတေကိုတွေ့ရင် တတ်နိုင်သလောက်လေးကူညီပေးကြပါလို့၊ ကျနော်ကတော့ ကျနော်တတ်နိုင်တဲ့ဘက်ကနေ အဖိုးရဲ့ ဇနီးအတွက် ဆေးဖိုး ၅၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ် အဖွားလဲအမြန်ဆုံးသက်သာပီး သာယာချမ်းမြေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။