အလုပ်ဖြုတ်ခံရတာကြောင့် အခုလို အောင်မြင်တဲ့ဘဝကို ရရှိခဲ့တာဆိုတဲ့ ဖြူဖြူထွေး

Posted on

ပရိတ်သတ်အားပေးမှုကို အခိုင်အမာရရှိနေတဲ့ ဖြူဖြူထွေးကတော့ အခုချိန်မှာဆိုရင် အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိနေပါပြီနော်။ သူမရဲ့ အိမ်မှာပဲ ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးမှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းများမှာလည်း လက်မနှေးတဲ့သူ ဖြစ်တာကြောင့် ပရိတ်သတ်တွေက အချစ်ပိုနေရတာပါ။ တက်သစ်စ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပေမဲ့လည်း ဇာတ်ပို့ ဇာတ်ရံနဲ့ဟာသ လူရွှင်တော်ကြီးများကိုလည်း ပေးကန်းလှူတန်းကာ သိတတ်နေသူလေးပါနော်။ လွန်ခဲ့တဲ့ ရက်ပိုင်းက သူမအနေနဲ့ ကမ္ဘာကျော် အနုပညာရှင်ကြီးများကို ကျော်လွန်ပြီး ဆိုရှယ်မီဒီယာမှာ တစ်ရက်တာ ပရိတ်သတ်အများဆုံးရရှိခဲ့တာနဲ့ပက်သက်ပြီး မီဒီယာတွေမှာ အခုလိုပဲ ဖြေဆိုခဲ့ပါတယ်။ ဖြူဖြူထွေး ပြောခဲ့တာကတော့ ”ပရိတ်သတ်တွေ အခုလို များနေတယ်ဆိုတာ မသိခဲ့ဘူးပေါ့နော်။ ဒီအတိုင်း ကိုယ့်ဘာသာ ကြိုးစားပြီးနေတယ်အလုပ်ကိုလည်း သေသေချာချာလေး လုပ်တယ် အဲ့လိုကနေ ဖြစ်သွားတာပေါ့နော်။ ကိုယ်ရိုက်ထားတဲ့ ဗီဒီယိုလေးတွေကိုတော့ ညကျရင် ပြန်ကြည့်ဖြစ်တယ်။ အားဆေးတစ်ခွက်လိုပါပဲ။

Fan Meeting တော့ မလုပ်တော့ဘူးပရိတ်သတ်တွေကို တခြားနည်းနဲ့ပဲ ကျေးဇူးဆပ်မယ်။ လုပ်လည်း လာမှာမဟုတ်ဘူး အလုပ်တွေ ရှုပ်နေမှာဆိုးလို့လေ။ အပြင်မှာ ကိုယ့်ဘာသာဆိုရင်တောင် အရမ်းတွေရှက်နေတာ fan meeting သာလုပ်ရင် မျက်နှာတောင်ဖ်ာရဲမှာ မဟုတ်တော့ဘူး။” အနုပညာလောကထဲကို မရောက်ခင် ကျောင်းသူဘဝက ကျောင်းကပွဲမှာ မြန်မာဝတ်စုံနဲ့ ဂျွမ်းထိုးခဲ့တဲ့ အဖြစ်အပျက်လေးနဲ့ ပက်သက်ပြီးတော့လည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။ ”အရင်တုန်းက မီဒီယာမှာအနုပညာရှင်တွေကို လိုက်ပြီး အင်တာဗျူးရတဲ့ ဝန်ထမ်းလုပ်ခဲ့ရတာပေါ့နော်။ အဲ့ချိန်က ရုပ်ရှင်အစည်းအရုံးမှာ ပွဲတစ်ပွဲလုပ်တာ ကိုယ်ကလည်း သွက်သွက်လက်လက်ဆိုတော့ သူဌေးက ဖြူဖြူထွေး နင်သွားပြီး အင်တာဗျူးပေါ့နော်။

အနုပညာရှင်တွေ အကုန်လုံးကို ကိုယ်က လိုက်ပြီး အင်တာဗျူးခဲ့တာ။ နောက်နေ့လည်း ရောက်ရော ရုံးခန်းက ခေါ်ပြီး ၂ သိန်းပေးလိုက်မယ် မနက်ဖြန်ကစပြီး အလုပ်မဆင်းတော့နဲ့တဲ့ ကိုယ်ကလည်း ဝန်ထမ်းတွေကို အလုပ်ထုတ်ရင် ၆ လစာ ပေးရတာ မဟုတ်ဘူးလားဟင်နဲ့ ပြောတော့ သူဌေးကလည်း ၂ သိန်းရတာတောင် ကံကောင်းဆိုပြီး ပြောတာပေါ့နော်။ ဘာလို့ အလုပ်ပြုတ်လဲဆိုတော့ အနုပညာရှင်တွေကို လိုက်ပြီးအင်တာဗျူးတဲ့ဗီဒီယိုဖိုင်မှာ အသံတွေက မပါလာဘူးလေ။ အဲ့ဒါနဲ့ အလုပ်ပြုတ်တော့ စိတ်ညစ်နေတုန်း သူငယ်ချင်းက ဖြူထွေး ကျောင်းကပွဲမှာ ကပါလားဆိုပြီး ဝင်ကပြီး ဇာတ်စင်ပေါ်မှာ ဂျွမ်းထိုးဖြစ်သွားတာ တကယ်က စိတ်ညစ်နေတာ အလုပ်ပြုတ်မှန်း အိမ်ကသိရင် အဆူခံရမှာလေ စိတ်ညစ်ညစ်နဲ့ မျက်နှာကြီးကတော့ ပြုံးပြီး စင်ပေါ်မှာ ဂျွမ်းတွေထိုးတာ မြန်မာဆန်ဆန်ကြီးနဲ့ ဂျွမ်းထိုးတော့ ဆဲကြတာပေါ့နော်။ အမှန်က ကိုယ်ကလည်း မှားတာပါ။

 

အဲ့ချိန်မှာ ပရိတ်သတတွေက ဆဲရော ဖြူဖြူထွေးဆိုတာနဲ့ကိုဆဲကြတာ အဲ့ချိန်မှာ ကိုယ်ကလည်း ဘာလို့ဆဲတာလဲဆိုပြီး ရွဲ့ပြီးကလိုက်ရင် ဇောက်ထိုးမိုးမျှော်တွေကတာ မန်ယူဝတ်စုံကြီးဝတ်ပြီး ဇီးလေ့ ဇီးလေ့ဆိုတဲ့ သီချင်းနဲ့တောင် ကလိုက်သေးတယ်။အဲ့ဒါနဲ့ နောက်ဆုံးကျမှ ကိုယ့်ဘာသာ ပြုပြင်ပြောင်းလဲလိုက်တာ ဒီအတိုင်းဆို သူတို့က ဆဲလိုက် ကိုယ်က မုန်းအောင်လုပ်လိုက်နဲ့ အဆင်မပြေဘူးဆိုပြီး ကိုယ့်ဘာသာ ပြုပြင်ပြောင်းလဲလိုက်တာပေါ့နော်။ ပရိတ်သတ်စကားနားထောင်တဲ့အထဲလည်း ပါသွားတာပေါ့။ ဘဝဆိုတာ အဲ့လို အတက်အကျနဲ့ပဲ ထင်ပါတယ်” ဆိုကာ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *