အလှူ မှာ ကိုယ်တိုင်ဝင်ရောက်ချက်ပြုတ်ပေးခဲ့တဲ့ ရွှေပိုးအိမ်

Posted on

ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားပြီး ချစ်စရာကောင်းလှတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။လူလေးကလည်း လှသလို စိတ်ထားလေးလည်း လှတဲ့ ရွှေပိုးကတော့ အလှူအတန်းတွေကို မကြာခဏဆိုသလို ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း ရွှေပိုးက အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ရောက်ရှိနေခဲ့ပြီး နယ်ကအလှူရဲ့ ချက်ပြုတ်ရေးတွေမှာ လုပ်အားဒါန ဝိုင်းဝန်းကူညီပေးခဲ့ပါသေးတယ်။ ပရိသတ်တွေကတော့ ရွေပိုးရဲ့ အခုလို ပကာသနမရှိရိုးသားပွင့်လင်းလှတဲ့ ရွေပိုးရဲ့ စိတ်ထားလေးကို သဘောကျနှစ်သက်ပြီး ချီးကျူးစကားပြောဆိုနေခဲ့ကြပါသေးတယ်။

ရွှေပိုးအိမ်ကတော့ ခရီးသွားလာရင်းနဲ့လည်း ကြုံကြိုက်တဲ့ အခါတွေမှာ လိုအပ်တဲ့ အလှူဒါနတွေကိုလည်း ပြုလုပ်လေ့ရှိပါသေးတယ်။ ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရွှေပိုးအိမ်ရဲ့ အမြဲတမ်းလိုလို အလှူအတန်းတွေကို ငွေအား လူအားနဲ့ ပါဝင်ကူညီတတ်တဲ့ စိတ်ထားလေးကတော့ ချစ်စရာကောင်းတဲ့ မွန်မြတ်လှတဲ့ စိတထားလေးပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *