ရန်ကုန်အခြေပြုပြေးဆွဲနေေ သာ အဝေးပြေးယာဉ်လိုင်းများ လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ပြေးဆွဲမှုရပ်နားသွားမည် ဆိုသည့် သတင်းမှာ မဟုတ်ကြောင်း YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်က မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။“ယာဉ်လိုင်းတွေပိတ်ဖို့ အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာမရှိပါဘူး။ ပုံမှန် အတိုင်းပြေးဆွဲနေပါတယ်။ ။ကန့်သတ် ထားတဲ့ ကန့်သတ်ချက်တွေအတွင်းမှာ ဝင်အောင်ပြေးဆွဲပေးနေတယ်။ အခုရခိုင်ပြည်နယ်မှာ Stay Home တွေ ညွှန်ကြားထားတော့ ရခိုင်ယာဉ်လိုင်းတွေ အကုန်ပြေးဆွဲမှုမရှိတော့ဘူး။
ဧပြီ မေလ လောက်မှာ ယာဉ်လိုင်းပြေးဆွဲမှု လုံးဝ ရပ်သွားတဲ့ အနေအထားမှာရှိတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ အညီ ပြေးဆွဲပေးနိုင်နေတာဖြစ်တယ်” လို့ YRTA အဝေးပြေးတာဝန်ခံ ဦးဘမြင့်ကပြောပါတယ်။လက်ရှိ အဝေးပြေးယာဉ်လိုင်းအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ညွှန်ကြားချက်များ အတိုင်း ပြေးဆွဲပေးရန် YRTA အနေဖြင့် စီမံကြီးကြပ် လျက်ရှိကြောင်း သိရပါတယ်။
“ကျွန်တော်တို့ကားတွေမှာ ထိုင်ခုံနှစ်ခုံ ကို တစ်ယောက်ပဲ စီးခွင့် ရှိတယ်၊ ပလတ်စတစ်တွေအကုန်ရှေ့နောက်ကာ ထားပေးတယ်။ နှစ်ယောက် ခုံပေမယ့် တစ်ယောက်စာပဲ ကောက်ခံတယ်။ ခရီးသည်ကိုက အသွားအလာနည်းသွားတော့ တွက်ချေကိုက်မှုတော့မရှိဘူး အဆင်ပြေအောင်ပြေးနေရတာပဲ။ အခုနေပြည်တော်ပြေးရင်တော့ ရပ်ကွက် ထောက်ခံချက်တွေယူရတယ်” လို့ ရွှေမန္တလာယာဉ်လိုင်း တာဝန်ခံ ဦးအောင်မြင့်ဆွေ ကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး တွင် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ ယာဉ်လိုင်းပေါင်း ၂၁၈ လိုင်းပြေးဆွဲပေးလျက်ရှိပြီး ယာဉ်အစီးရေ ၈၂ဝဖြင့် ခရီးသည်ပေါင်း ၈၉၀၀ ကျော်ကို သယ်ယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။