အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတဲ့ (၅)နှစ်သမီး ရက်ပ်ပါမလေး Zaza

Posted on

Rap အဆိုတော် Kanye West နဲ့ ဆယ်လီမေမေ Kim Kardashian တို့ရဲ့သမီးလေး North West က ဖခင်ဖြစ်သူ ရဲ့ Yeezy Paris Fashion Week Showcase မှာ Rap သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါတယ်။ (၆)နှစ်သမီးလေး  North West ဟာ ဖခင်ဖြစ်သူ Kanye ရဲ့ သီချင်းကို ဆိုခဲ့တာတော့ မဟုတ်ပါဘူး။ North West သီဆိုခဲ့တဲ့ Rap သီချင်းကတော့ (၅)နှစ်ပဲ ရှိသေးတဲ့ Instagram ဆယ်လီမလေး Zaza ရဲ့ သီချင်းပဲဖြစ်ပါတယ်။

Zaza ဟာ Schoolboy Q ရဲ့ သီချင်း “ Water” နောက်ခံနဲ့ သူမရဲ့ ကစားစရာကားလေးနားမှာ ကနေတဲ့ ဗီဒီယိုကြောင့် Instagram မှာ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။Zaza ရဲ့နာမည်အရင်းဟာ Zahara Bean ဖြစ်ပြီးတော့ အခုမှ အသက်(၅)နှစ်ပဲ ရှိပါသေးတယ်။ Zaza ဟာ Instagram နှင့် Youtube မှာ သူမရဲ့ ထူးခြားတဲ့ ကကွက်တွေကြောင့် ပရိတ်အခိုင်အမာ ပိုင်ဆိုင်ထားသူပါ။

(၂၀၁၉)ခုနှစ်မှာတော့ ဖခင်ဖြစ်သူရဲက အကူအညီနဲ့ “What I Do” ဆိုတဲ့ သီချင်း ထွက်ရှိခဲ့ပါတယ်။ “What I Do” ရဲ့ Music Video ကိုလဲ သီချင်းထွက်ရှိပြီး (၁)လအကြာမှာ ထွက်ရှိနိုင်ခဲ့ပါတယ်။

Zaza ဟာ နာမည်ကြီး Show တစ်ခုဖြစ်တဲ့ Ellen DeGeneres မှာ နာမည်ကြီး Dancer ဖြစ်သူ tWitch Boss ကို သူမရဲ့ကကွက်တွေ ပြန်သင်ပေးခဲ့ပြီး (၅)နှစ်သမီးအရွယ် ကလေးတစ်ယောက်ရဲ့ အရွယ်နဲ့ မမျှတဲ့ အရည်အချင်းကြောင့် အလွန်အံသြခဲ့ရကြောင်း tWitch ကြောင်း ၀န်ခံခဲ့ပါတယ်။ Zaza ဟာ tWitch ကို Chance The Rapper ရဲ့ သီချင်းဖြစ်တဲ့ “Hot Shower” နဲ့ ကပြခဲ့တာဖြစ်ပြီး tWitch ဆီက အရုပ်အိမ်လေးတစ်ခုပါ လက်ဆောင်ရရှိခဲ့ပါတယ်။

Ellen Show မှာ Zaza က rap အဆိုတော်ကောင်း တစ်ယောက်ဆိုတာ “ သီချင်းဆိုတယ်၊ Rap ရွတ်တယ်၊ စားဖို့အတွက် အလုပ်လုပ်တယ်၊ ခန္ဓာကိုယ်ထွားဖို့အတွက် မုန့်တွေ စားရတယ်” လို့ ဟာသပြောခဲ့ပြီး သူမရဲ့ အကြိုက်ဆုံး Rap အဆိုတော်က သူမကိုယ်တိုင်ပါပဲလို့ ဖြေကြားခဲ့ပါတယ်။

Yezzy Season 8 Show မှာ North West က Zaza ရဲ့ သီချင်းကို ဆိုခဲ့ပေမယ့် ကာယကံရှင် Zaza ကို အသိမပေးခဲ့သလို သီဆိုဖို့အတွက်လည်း ခွင့်မတောင်းခဲ့ပါဘူး။ ဒါ့ကြောင့် Zaza ရဲ့ မိဘတွေက Instagram မှာ Kanye နဲ့ Kim ကို Zaza သီချင်းကို သီဆိုခဲ့တဲ့အတွက် ၀မ်းသာပေမယ့် သမီးဖြစ်သူရဲ့အနုပညာကို အသိအမှတ် မပြုသလို လုပ်ခဲ့တာတော့ မဖြစ်သင့်ကြောင်း၊ Zaza တို့ တစ်မိသားစုလုံးဟာ Kanye ရဲ့ပရိသတ်တွေဖြစ်ကြောင်းနဲ့ အဆိုပါဖြစ်ရပ်ကြောင့် ၀မ်းနည်းမိကြောင်း  ရေးသားခဲ့ပါတယ်။

Zaza မိဘတွေကို Kim ကိုယ်တိုင် ပြန်တောင်းပန်ခဲ့ပြီး North ကိုယ်တိုင်လည်း Zaza ရဲ့ ပရိသတ်ဖြစ်ပြီး Zaza နဲ့ North တို့ကို အပြင်မှာ ဆုံတွေ့ပေးချင်ကြောင်းပြောခဲ့ပါတယ်။ Zaza ကတော့ North နဲ့အတူပေါင်းပြီး သီချင်းတစ်ပုဒ်လုပ်ချင်ကြောင်း၊ North နဲ့ အတူ သီဆိုဖို့အတွက် သီချင်းစာသားတွေကြောင်း ရေးသားပြီးပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *